TP-Link AX3000 (ArcherAX50) Router

နောက်ဆုံးပေါ် Wireless Technology ဖြစ်တဲ့ 802.11AX ( WIFI 6 ) နည်းပညာနဲ့ TP-Link AX3000(ArcherAX50)Router ပြည်တွင်းစျေးကွက်ထဲကို ဝင်ရောက်လာပါတယ်။ Internet Speed အမြင့်ယူထားသူ (သို့) အသုံးပြုသူ အရေအတွက် များတဲ့သူတွေ၊ Live Streaming, Online Gaming, Smart Devices တွေကို မြန်ဆန်တဲ့ Connection နဲ့ချိတ်ဆက်ချင်တဲ့သူတွေနဲ့ File Size အကြီးတွေကို download/upload တွေကို အမြန်နှုန်းနဲ့ သုံးချင်သူတွေအတွက် ပိုပြီး အဆင်ပြေပါတယ်။

802.11ac ရဲ့ 256-QAM ထက် 25% ပိုမြန်တဲ့ 1024-QAM နည်းပညာကြောင့် Router နဲ့ Devices တွေအကြား ပြတ်တောက်မှုမရှိသော မြန်ဆန်သည့် Connection ကို Coverage ကျယ်ပြန့်စွာ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် OFDMA နည်းပညာကို စံ အဖြစ် အသုံးပြုသည့်အတွက် Devices တွေကို Data Transmission ပို့တဲ့အခါမှာ ပိုပြီး မြန်ဆန်မှာပါ။ 8 x 8 Upsteam/Downsteam MU-MIMO ဆိုတော့ Streaming , downloading, torrenting, playing VR/AR, MMO’s or PRG’s တွေကို Wi-Fi 6 ရဲ့ 8 Streams ကြောင့် အသုံးပြုသူတွေ ရရှိတဲ့ bandwidth ပိုရလာမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက BSS Color ဆိုတဲ့ feature ကြောင့် အနီးပတ်ဝန်းကျင်ရဲ့ WiFi Interference များကို လျော့ကျစေသည့်အတွက် ပိုကောင်းတဲ့ Signal experience ကိုရရှိစေမှာ ဖြစ်ပါတယ်။ အရွယ်အစား အနေနဲ 12.99 x 2.95 x 9.65 လက်မ ရှိပြီး အလေးချိန် 1.23 ပေါင် ရှိပါတယ်။

စျေးနှုန်းကတော့ကျပ် ၁၅၅,၀၀၀ ဖြစ်ပြီး Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်) ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း)၊ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««