Towards a Secure and Safe Cyber Environment of Myanmar” ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၃:၃၀ မှ ၅ နာရီအထိ Towards a Secure and Safe Cyber Environment of Myanmar ခေါင်းစဉ်နဲ့ ဟောပြောပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာ Cyber Security SIG ရဲ့ Coordinator ဒေါက်တာမီမီစုသွင်နဲ့ Co-Coordinator ဒေါက်တာသန္တာဖြူတို့က WebinarJam (Online Platform) ကို အသုံးပြုကာ ဆွေးနွေးဟောပြောသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/SIG3 မှာ Register ပြုလုပ်ရမှာဖြစ်ပါတယ်။ ဟောပြောပွဲမတိုင် Register ပြုလုပ်ပါက ပြုလုပ်ပြီးသည်နှင့် မိမိတို့ ထည့်သွင်းထားတဲ့ email သို့ Live Room Link ရောက်ရှိမှာဖြစ်ပြီး အဆိုပါ Live Room Link ကို ပွဲနေ့တွင် နှိပ်ကာ ပွဲသို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဟောပြောပွဲနေ့မှာ Register ပြုလုပ်မယ့်သူတွေ အနေနဲ့ Register ပြုလုပ်ပြီးတာနဲ့ Your Webinar Link ကို တိုက်ရိုက်နှိပ်ကာ ပွဲသို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««