Tournaments ကို Facebook Gaming ဖြန့်ချိ

Facebook Gaming ဟာ လူတွေ အတူတကွစုစည်းပြီး ဂိမ်းကစားနိုင်တဲ့ Tournaments အမည်ရ feature ကိုမိတ်ဆက်လိုက်ပါတယ်။

Tournaments မှာ ပုံစံအမျိုးမျိုးနဲ့ ပြိုင်ပွဲအမျိုးမျိုးကို စုစည်းဖန်တီးနိုင်ပြီး လူစုလူဝေးရှောင်ကြဉ်ရတာကြောင့် ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကို လျော့ပါးအောင် ပြုလုပ်ပေးတဲ့ feature ဖြစ်ပါတယ်။

အခုထုတ်ကုန်ကို အပျော်တမ်းပြိုင်ပွဲတွေကနေ အဆင့်မြင့် esports အထိမှာပါ အသုံးပြုနိုင်ပါတယ်။ Facebook Gaming platform ထဲထည့်သွင်းတည်ဆောက်ထားတာကြောင့် ဗီဒီယိုဖန်တီးသူတွေက ပရိသတ်ပြိုင်ပွဲတွေကို host လုပ်ကာ stream လုပ်နိုင်ပါတယ်။ Facebook ရဲ့ရန်ပုံငွေရှာဖွေရေး tool တွေကို အသုံးပြုပြီး အဖွဲ့အစည်းအတွက် ငွေကြေးကို တိုက်ရိုက်ရှာဖွေနိုင်ပါတယ်။

Tournaments ကို တချို့သုံးစွဲသူတွေက ဦးစွာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Twitch နဲ့ အခြား streaming platform တွေမှာ အခုလို ဝန်ဆောင်မှုမရှိတဲ့အတွက် Facebook အတွက် အားသာချက်တစ်ခု ဖြစ်လာမှာပါ။

စိုးထက်
Ref: TheVerge