Touchretouch ကိုသုံးပြီး ဓာတ်ပုံ Edit လုပ်တဲ့အခါ အသုံးဝင်မယ့် နည်းလမ်းအချို့

[ Zawgyi ]

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ထားပြီးရင် အသင့်ပေါ်လာတဲ့ ပုံကိုပဲ သုံးတာထက် နည်းနည်းလေးတော့ Edit လုပ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ဓာတ်ပုံကို အကောင်းဆုံးဖြစ်နိုင်ဖို့ Edit လုပ်တဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ မိုဘိုင်းဖုန်းထဲမှာ App တစ်ခုနဲ့ ဓာတ်ပုံထဲမှာ ရှုပ်နေတဲ့အရာတွေကို ချက်ချင်းကို ဖယ်ရှားလိုက်နိုင်မှာ ဖြစ်ပါတယ်။ အရမ်းကို လွယ်ကူလွန်းလှပြီးတော့ App ကို သုံးစွဲရတာလည်း အခက်အခဲမရှိနိုင်တာကို တွေ့ရပါတယ်။ ဒီ App ကတော့ Touchretouch ဆိုတဲ့ App ဖြစ်ပြီး ဓာတ်ပုံသမားတွေအတွက် မရှိမဖြစ် ထည့်ထားသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ Touchretouch ဆိုတာဟာ မိုဘိုင်း App တစ်ခုဖြစ်ပြီး မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာပေါ်နေတဲ့ မလိုလားအပ်တဲ့ ကြိုးတန်းတွေ အရာဝတ္ထုတွေ၊ အစက်အပြောက်တွေကို Select ကို လက်ညှိုးနဲ့ပဲ ပြုလုပ်ပြီး ဖျောက်ပစ်ဖို့အတွက်ကတော့ တကယ့်ကို one clip နဲ့ပဲသုံးစွဲရမှာ ဖြစ်ပါတယ်။ ထည့်သွင်းဖို့ မိုဘိုင်းဖုန်းတွေအတွက်တော့ Android ကော iPhone နှစ်မျိုးစလုံးနဲ့ အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။
App Store မှာကော iTune မှာပါ ရှာဖွေ ထည့်သွင်းနိုင်ပါတယ်။ ဒါပေမဲ့ Free ကြိုက်တဲ့ ကိုကိုမမတွေအတွက်တော့ အဆင်မပြေ နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ 1.99 ဒေါ်လာနဲ့သာ Download လုပ်နိုင် တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံတစ်ပုံမှ မလိုတဲ့ အရာဝတ္ထုကို ဖယ်ရှားမယ်

ဓာတ်ပုံထဲက မလိုအပ်တဲ့အရာကို ဖယ်ရှားခြင်းအဆင့်ဆင့်ကို တစ်ဆင့်ချင်းဖော်ပြပေးသွားပါမယ်။ ပြုလုပ်မယ်ဆိုရင်တော့ အရင်ဆုံး
Touchretouch ကို အရင်ဖွင့်ရပါတယ်။ ပြီးရင် ဖျက်မယ့် ဓာတ်ပုံကို App အတွင်းကို ထည့်သွင်းရမှာပဲ ဖြစ်ပါတယ်။ အခုပြထားတဲ့ ဓာတ်ပုံမှာ ပါဝင်နေတဲ့ အမှိုက်ပုံလေးကိုဖယ်ရှားဖို့အတွက် ပြုလုပ်ပြီး ဘေးပတ်ဝန်းကျင်ကအရာတွေနဲ့ အစားထိုးမှာပဲ ဖြစ်ပါတယ်။

Touchretouch app ကို ဖွင့်လိုက်ပါ။ ပြီးရင် Open Photo FromGallary ဆိုတာကို နှိပ်လိုက်ပါ။ ဖုန်းနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ
ရှိတဲ့ နေရာကို ရှာဖွေရွေးချယ်ပြီးကိုယ် edit လုပ်ချင်တဲ့ ဓာတ်ပုံကို ရွေးချယ်လိုက်ရမှာပဲ ဖြစ်ပါတယ်။

အခုဆိုရင် သင်ရွေးချယ်ရမှာကတော့ ဓာတ်ပုံကို edit လုပ်ပြီး Save တဲ့အခါမှာထွက်လာမယ့် resolution ကို စိတ်ကြိုက် ရွေးချယ် နိုင်မှာပဲ ဖြစ်ပါတယ်။ Resolution ကောင်းကောင်းကို ပြောင်းလဲ မယ်ဆိုရင်တော့ Processing time ကတော့ ကြာသွားနိုင်တဲ့အတွက် Recommand ပေးရမယ်ဆိုရင် original size အတိုင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

တကယ်လို့ edit လုပ်မယ့် ဓာတ်ပုံကိုရွေးချယ်ပြီးပြီလို့ Screen ပေါ်မှာပေါ်လာပြီဆိုရင် Double touch လုပ်ပြီး Zoom in Zoom out ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Double touch လုပ်လိုက်ရင် Zoom in သွားမှာဖြစ်ပြီး နောက်ထပ် Double touch လုပ်လိုက်ရင် နဂိုပုံစံအတိုင်း 100% ooiginal photo size ပြန်ဖြစ်သွားပါလိမ့်မယ်။ အဲလိုမျိုးနဲ့ ကိုယ်ဖျက်လိုတဲ့ အရာဝတ္ထုနေရာသို့ Zoon in ဝင်ပြီး အရာဝတ္ထုပေါ်မှာ Mask အုပ်ပြီး Selection ပေးထားနိုင်ပါတယ်။ ပေးထားတဲ့ Selection က အရာဝတ္ထုကိုဖယ်ရှားဖို့ဆိုရင်တော့ သုံးစွဲရမယ့် Tools က Lesso tool ကိုရွေးချယ်နိုင်သလို Brush tool ကိုလည်း ရွေးချယ်နိုင်ပါတယ်။ အဲဒီ Tool တွေက Screen ရဲ့ အောက်ဘက် ဘယ်ဘက်ထောင့်မှာရှိပြီး Lesso Tool က ဘယ်အစွန်ဆုံးမှာရှိပြီး Brush Tool ကတော့ ဘယ်ဘက် ရဲ့ဒုတိယမြောက် တစ်ခုပဲဖြစ်ပါတယ်။ အဲဒီ tool နှစ်ခုလုံးဟာ တူညီတဲ့ လုပ်ဆောင်မှုကိုပေးမှာပဲ ဖြစ်ပါတယ်။

အပေါ်မှာပြထားတဲ့ ပုံမှာလို Brush Tool ကိုရွေးချယ်ပြီး အရာဝတ္ထုကို ဖယ်ရှားဖို့လုပ်မယ် ဆိုရင်တော့ Brush tool ကို
ရွေးလိုက်တဲ့ အချိန်မှာအောက်ဘက်မှာ Brush size ကို ရွေးချယ် နိုင်ပါတယ်။ ရွေးချယ်ပြီးရင် ကိုယ်ဖျက်လိုတဲ့ အရာဝတ္ထုပေါ်မှာ လက်
ချောင်းလေးကိုပွတ်လိုက်ပြီး selection ပေးလို့ရပါတယ်။ Selection ပေးမှုဖြစ်မဖြစ်ကို အနီရောင် mesk နဲ့ ဖော်ပြပေးမှာဖြစ်ပြီး အဲလိုဖြစ် နေပြီဆိုရင် ဖျောက်ပစ်လို့ရအောင် Selection ပေးပြီးဖြစ်ပါတယ်။ တကယ်လို့ လက်ချောင်းနဲ့ ပွတ်တဲ့အခါမှာ လွဲချော်မှုတွေရှိလို့ ပြန်ပြင်ချင်တယ်ဆိုရင် undo ပြုလုပ်နိုင်ပြီး Screen ရဲ့ အပေါ်ဘက်မှာ အဲဒီ button ရှိမှာပဲဖြစ်ပါတယ်။ တကယ်လို့မှ ကိုယ်က Brush tool ကို မရွေးဘဲ Lesso Tool ကိုလည်း အပေါ်မှာပြောခဲ့သလို လုပ်နိုင်ပြီး သူကတော့ဖယ်လိုတဲ့ အရာဝတ္ထုရဲ့ အပေါ်မှာ အနီရောင် Mask လိုင်းတွေကို အလွယ်တကူ မှတ်သားပေးမှာပဲ ဖြစ်ပါတယ်။

ပုံရဲ့ အခြားနေရာတွေကို ကြည့်ချင်တယ်ဆိုရင်တော့ Screen ရဲ့ အောက်ဘက်မှာရှိတဲ့ လက်ဝါးပုံစံလေးကိုရွေးပြီး ဓာတ်ပုံရဲ့ အခြား နေရာတွေကို လျှောက်ကြည့်နိုင်ပါတယ်။ နောက်ပြီး Selection ပေါ် ထားတဲ့နေရာကို ဖျက်ပစ်ချင်တယ်ဆိုရင်တော့ screen အောက်ဘက်က icon တွေထဲမှာရှိတဲ့ ဘယ်ဘက်က ရေတွက်မယ်ဆိုရင် တတိယမြောက် icon ကို နှိပ်ပြီးဖျက်ပစ်နိုင်ပါတယ်။ တကယ်လို့ မလိုဘူးဆိုရင်တာ့ Double tab လုပ်ပြီး ဓာတ်ပုံမူရင်းပုံစံကို ပြန်လုပ်ထားလိုက်ပါ။

နောက်ဆုံးမှာတကယ့်ကို အံ့သြရမယ့်အပိုင်းပဲ ဖြစ်ပါတယ်။ Selection အားလုံးလုပ်ပြီးသွားပြီဆိုရင်တော့ အောက်ဘက်မှာရှိတဲ့ Select button ကို နှိပ်လိုက်တာနဲ့ အလိုအလျောက်ကိုပဲ ဖျက်ချင်တဲ့ အရာဝတ္ထုက ချက်ချင်းပျောက်ကွယ်ပြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အရာ
တွေနဲ့ တသားတည်း ဖြစ်သွားတာကို တွေ့ရမှာပါ။

အားလုံးပြီးဆုံးလို့ အရာဝတ္ထုကို ဖျောက်ပစ်တာ စိတ်ကျေနပ်သွားပြီ ဆိုရင်တော့ ကိုယ့်ပြုပြင်လိုက်တဲ့ ဓာတ်ပုံကိုသိမ်းဆည်းနိုင်မှာ ဖြစ်ပါ
တယ်။ သိမ်းဆည်းမယ်ဆိုရင် Camera Libabery ထည့်သွင်း သိမ်းနိုင်သလို email ကိုလည်း တစ်ခါတည်းပို့နိုင်ပါတယ်။ Social media တွေပေါ်လည်း တစ်ခါတည်းတင်နိုင်ပါတယ်။ ဒါ့အပြင် အခြား Edit လုပ်ဖို့ ကျန်သေးတယ်ဆိုရင် အခြား App တွေကိုလည်း လွှဲပြောင်းနိုင်တာကို တွေ့ရပါတယ်။