Touchpad ေနရာမွာ ၅.၅ လက္မ touchscreen နဲ႔အစားထိုးထားတဲ့ ZenBook Pro သစ္ကို Asus မိတ္ဆက္

[ Zawgyi ]

Asus ဟာ တိုင္ေပမွာက်င္းပတဲ့ Computex 2018 မွာ ZenBook Pro သစ္ေတြကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။

ZenBook Pro သစ္မွာ screen ႏွစ္ခုပါဝင္ပါတယ္။ ပထမတစ္ခုက အရြယ္ႀကီးမားတဲ့ laptop display ျဖစ္ၿပီး က်န္တစ္ခုက touchpad ေနရာမွာထည့္သြင္းထားတဲ့ ScreenPad လို႔ေခၚတဲ့ ၅.၅ လက္မ display ျဖစ္ပါတယ္။

ZenBook Pro 15 (UX580) ကို ဇူလိုင္လမွာ ၂,၂၉၉ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ၁၄ လက္မေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

ZenBook Pro သစ္ေတြမွာပါဝင္တဲ့ ScreenPad ေတြဟာ ၅.၅ လက္မ FHD display ျဖစ္ၿပီး Windows 10 gesture ေတြအတြက္ Microsoft ရဲ႕ precision driver အေထာက္အပံ့ပါဝင္တဲ့ touchpad တစ္ခုအေနနဲ႔ အသံုးျပဳႏုိင္ပါတယ္။ ထိပ္ဘက္မွာရိွတဲ့ toolbar မွာ YouTube နဲ႔ Spotify အျပင္ Word, Excel နဲ႔ PowerPoint အတြက္ built-in အေထာက္အပံ့ပါဝင္တဲ့ app launcher တစ္ခု ပါဝင္ပါတယ္။ ဒါ့အျပင္ Asus Sync app ကိုသံုးၿပီး စမတ္ဖုန္းကို ကိုယ့္ရဲ႕ PC နဲ႔ ခ်ိတ္ႏိုင္ပါတယ္။

၁၅ လက္မဗားရွင္းကို အျမင့္ဆံုး Intel Core i9-8950HK CPU, 4K display, Nvidia GeForce GTX 1050 Ti GPU နဲ႔ 1TB PCIe SSD အထိ ရရိွႏိုင္ပါတယ္။ Thunderbolt 3 port ႏွစ္ခု၊ USB Type-A port ႏွစ္ခု၊ HDMI output တစ္ခု၊ နားၾကပ္ေပါက္နဲ႔ microSD card reader အပါအဝင္ port အမ်ားအျပား ပါဝင္ပါတယ္။

၁၄ လက္မေမာ္ဒယ္ကိုေတာ့ အျမင့္ဆံုး Intel Core i7 processor, 1080p display, Nvidia GeForce 1050 with Max-Q နဲ႔ ရရိွႏိုင္ပါတယ္။ ဒီေမာ္ဒယ္မွာ Type-A port ႏွစ္ခု၊ Thunderbolt 3 တစ္ခုနဲ႔ HDMI output တစ္ခုပါဝင္ပါတယ္။

-ေနာင္ေနာင္
Ref: AnandTech

[ Unicode ]

Asus ဟာ တိုင်ပေမှာကျင်းပတဲ့ Computex 2018 မှာ ZenBook Pro သစ်တွေကို မိတ်ဆက်ကြေညာခဲ့ပါတယ်။

ZenBook Pro သစ်မှာ screen နှစ်ခုပါဝင်ပါတယ်။ ပထမတစ်ခုက အရွယ်ကြီးမားတဲ့ laptop display ဖြစ်ပြီး ကျန်တစ်ခုက touchpad နေရာမှာထည့်သွင်းထားတဲ့ ScreenPad လို့ခေါ်တဲ့ ၅.၅ လက်မ display ဖြစ်ပါတယ်။

ZenBook Pro 15 (UX580) ကို ဇူလိုင်လမှာ ၂,၂၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ၁၄ လက်မမော်ဒယ်ရဲ့ စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

ZenBook Pro သစ်တွေမှာပါဝင်တဲ့ ScreenPad တွေဟာ ၅.၅ လက်မ FHD display ဖြစ်ပြီး Windows 10 gesture တွေအတွက် Microsoft ရဲ့ precision driver အထောက်အပံ့ပါဝင်တဲ့ touchpad တစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ထိပ်ဘက်မှာရှိတဲ့ toolbar မှာ YouTube နဲ့ Spotify အပြင် Word, Excel နဲ့ PowerPoint အတွက် built-in အထောက်အပံ့ပါဝင်တဲ့ app launcher တစ်ခု ပါဝင်ပါတယ်။ ဒါ့အပြင် Asus Sync app ကိုသုံးပြီး စမတ်ဖုန်းကို ကိုယ့်ရဲ့ PC နဲ့ ချိတ်နိုင်ပါတယ်။

၁၅ လက်မဗားရှင်းကို အမြင့်ဆုံး Intel Core i9-8950HK CPU, 4K display, Nvidia GeForce GTX 1050 Ti GPU နဲ့ 1TB PCIe SSD အထိ ရရှိနိုင်ပါတယ်။ Thunderbolt 3 port နှစ်ခု၊ USB Type-A port နှစ်ခု၊ HDMI output တစ်ခု၊ နားကြပ်ပေါက်နဲ့ microSD card reader အပါအဝင် port အများအပြား ပါဝင်ပါတယ်။

၁၄ လက်မမော်ဒယ်ကိုတော့ အမြင့်ဆုံး Intel Core i7 processor, 1080p display, Nvidia GeForce 1050 with Max-Q နဲ့ ရရှိနိုင်ပါတယ်။ ဒီမော်ဒယ်မှာ Type-A port နှစ်ခု၊ Thunderbolt 3 တစ်ခုနဲ့ HDMI output တစ်ခုပါဝင်ပါတယ်။

-နောင်နောင်
Ref: AnandTech