Tor ကြန္ရက္အသုံးျပဳမႈကို ပိတ္ပင္လိုက္တဲ့ ဗင္နီဇြဲလား

[ Zawgyi ]

ဗင္နီဇြဲလားအစိုးရဟာ Tor ကြန္ရက္အသုံးျပဳခြင့္ အားလုံးကို ပိတ္ပင္လိုက္တယ္လို႔ ႏိုင္ငံတြင္းက တက္ၾကြလႈပ္ရွားသူေတြရဲ႕ ေျပာၾကားခ်က္ကုိ ကုိးကားၿပီး Access Now သတင္းကေဖာ္ျပခဲ့ပါတယ္။

ဗင္နီဇြဲလားအစိုးရဟာ ႏိုင္ငံတြင္းမွာ ဝက္ဘ္ဆိုက္ေတြ ပိတ္ပင္ၿပီးေနာက္ လအနည္းငယ္အၾကာမွာ Tor ကြန္ရက္ကို တိုက္႐ိုက္ခ်ိတ္ဆက္မႈေတြနဲ႔ bridge relay ေတြေပၚက ခ်ိတ္ဆက္မႈေတြကို ပိတ္ပင္လုိက္ပါတယ္။

ဗင္နီဇြဲလားမွာ ေဒသတြင္း သတင္းမီဒီယာေတြက ဝက္ဘ္ဆိုက္ပိတ္ပင္မႈနဲ႔ ႀကဳံေတြ႕ေနရတာေၾကာင့္ Tor ကြန္ရက္ကုိ အသုံးျပဳမႈ ျမင့္တက္လာတယ္လို႔ network metrics ကေဖာ္ျပခဲ့ပါတယ္။ အခုပိတ္ပင္မႈဟာ အရင္ကနဲ႔မတူဘဲ Google နဲ႔ CloudFlare ေထာက္ပံ့ထားတဲ့ ဆင္ဆာမလုပ္ႏိုင္တဲ့ DNS ဆာဗာမ်ိဳးနဲ႔ ေက်ာ္လႊားႏိုင္ျခင္းမရွိေတာ့ဘူးလို႔ သိရပါတယ္။ ဗင္နီဇြဲလားႏိုင္ငံသားေတြ အေနနဲ႔ ပိတ္ပင္ထားတဲ့ content ကုိၾကည့္႐ႈဖုိ႔ Tor ကြန္ရက္ကုိပဲ အသုံးျပဳခဲ့ၾကပါတယ္။

“ဗင္နီဇြဲလား အင္တာနက္ဆင္ဆာစနစ္ရဲ႕ လတ္တေလာ ႀကိဳးပမ္းမႈကေတာ့ နာမည္ေက်ာ္ ဝက္ဘ္ဆိုက္ေတြကို အဆင့္ျမင့္ နည္းစနစ္ေတြသုံးၿပီး ပိတ္ပင္ထားပါတယ္။ ဒါဟာ အစိုးရရဲ႕ အင္တာနက္ ဆင္ဆာျပဳလုပ္မႈ လုပ္ရပ္ထဲက အထင္ရွားဆုံး တစ္ခုပါ” လို႔ Venezuela Inteligente တက္ၾကြလႈပ္ရွားသူအဖြဲ႕က Andres Azpurua ကေျပာခဲ့ပါတယ္။

Tor ကြန္ရက္ဟာ အစိုးရရဲ႕ ဝက္ဘ္ဆိုက္ ဆင္ဆာျပဳလုပ္မႈ ေက်ာ္လႊားႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားၿပီး relay ကြန္ရက္ကတစ္ဆင့္ traffic ေတြကုိ အသုံးျပဳႏိုင္ပါတယ္။ ဘယ္လို content ေတြ ၾကည့္႐ႈေနတာကုိ အစိုးရေတြ ေျခရာခံရခက္ေအာင္ ျပဳလုပ္ထားပါတယ္။ သိပ္မၾကာေသးခင္က Tor ကြန္ရက္အတြင္းမွာ ဖုံးကြယ္ထားတဲ့ ဝန္ေဆာင္မႈေတြကုိ အသုံးျပဳႏိုင္ေအာင္ က်ယ္ျပန္တဲ့ စီးပြားေရးေဂဟစနစ္ကုိ ေထာက္ပံ့ထားပါတယ္။ အဲဒီဝန္ေဆာင္မႈေတြကုိ Silk Road နဲ႔ မူးယစ္ေဈးကြက္ေတြနဲ႔ သက္ဆုိင္တဲ့ အျခား cryptocurrency ေတြမွာအသုံးျပဳၾကပါတယ္။

ဗင္နီဇြဲလားႏိုင္ငံအတြင္းက ဂ်ာနယ္လစ္ေတြကို ေထာင္သြင္း အက်ဥ္းခ်ထားမႈနဲ႔ ဝက္ဘ္ဆိုက္ ဆင္ဆာျပဳလုပ္မႈကုိ ဧၿပီလအတြင္း ကမၻာ့ကုလသမဂၢအဖြဲ႕ အာဏာပိုင္ေတြက တရားဝင္႐ႈတ္ခ်ခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

ဗင်နီဇွဲလားအစိုးရဟာ Tor ကွန်ရက်အသုံးပြုခွင့် အားလုံးကို ပိတ်ပင်လိုက်တယ်လို့ နိုင်ငံတွင်းက တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Access Now သတင်းကဖော်ပြခဲ့ပါတယ်။

ဗင်နီဇွဲလားအစိုးရဟာ နိုင်ငံတွင်းမှာ ဝက်ဘ်ဆိုက်တွေ ပိတ်ပင်ပြီးနောက် လအနည်းငယ်အကြာမှာ Tor ကွန်ရက်ကို တိုက်ရိုက်ချိတ်ဆက်မှုတွေနဲ့ bridge relay တွေပေါ်က ချိတ်ဆက်မှုတွေကို ပိတ်ပင်လိုက်ပါတယ်။

ဗင်နီဇွဲလားမှာ ဒေသတွင်း သတင်းမီဒီယာတွေက ဝက်ဘ်ဆိုက်ပိတ်ပင်မှုနဲ့ ကြုံတွေ့နေရတာကြောင့် Tor ကွန်ရက်ကို အသုံးပြုမှု မြင့်တက်လာတယ်လို့ network metrics ကဖော်ပြခဲ့ပါတယ်။ အခုပိတ်ပင်မှုဟာ အရင်ကနဲ့မတူဘဲ Google နဲ့ CloudFlare ထောက်ပံ့ထားတဲ့ ဆင်ဆာမလုပ်နိုင်တဲ့ DNS ဆာဗာမျိုးနဲ့ ကျော်လွှားနိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ ဗင်နီဇွဲလားနိုင်ငံသားတွေ အနေနဲ့ ပိတ်ပင်ထားတဲ့ content ကိုကြည့်ရှုဖို့ Tor ကွန်ရက်ကိုပဲ အသုံးပြုခဲ့ကြပါတယ်။

“ဗင်နီဇွဲလား အင်တာနက်ဆင်ဆာစနစ်ရဲ့ လတ်တလော ကြိုးပမ်းမှုကတော့ နာမည်ကျော် ဝက်ဘ်ဆိုက်တွေကို အဆင့်မြင့် နည်းစနစ်တွေသုံးပြီး ပိတ်ပင်ထားပါတယ်။ ဒါဟာ အစိုးရရဲ့ အင်တာနက် ဆင်ဆာပြုလုပ်မှု လုပ်ရပ်ထဲက အထင်ရှားဆုံး တစ်ခုပါ” လို့ Venezuela Inteligente တက်ကြွလှုပ်ရှားသူအဖွဲ့က Andres Azpurua ကပြောခဲ့ပါတယ်။

Tor ကွန်ရက်ဟာ အစိုးရရဲ့ ဝက်ဘ်ဆိုက် ဆင်ဆာပြုလုပ်မှု ကျော်လွှားနိုင်အောင် ဒီဇိုင်းထုတ်ထားပြီး relay ကွန်ရက်ကတစ်ဆင့် traffic တွေကို အသုံးပြုနိုင်ပါတယ်။ ဘယ်လို content တွေ ကြည့်ရှုနေတာကို အစိုးရတွေ ခြေရာခံရခက်အောင် ပြုလုပ်ထားပါတယ်။ သိပ်မကြာသေးခင်က Tor ကွန်ရက်အတွင်းမှာ ဖုံးကွယ်ထားတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်အောင် ကျယ်ပြန်တဲ့ စီးပွားရေးဂေဟစနစ်ကို ထောက်ပံ့ထားပါတယ်။ အဲဒီဝန်ဆောင်မှုတွေကို Silk Road နဲ့ မူးယစ်ဈေးကွက်တွေနဲ့ သက်ဆိုင်တဲ့ အခြား cryptocurrency တွေမှာအသုံးပြုကြပါတယ်။

ဗင်နီဇွဲလားနိုင်ငံအတွင်းက ဂျာနယ်လစ်တွေကို ထောင်သွင်း အကျဉ်းချထားမှုနဲ့ ဝက်ဘ်ဆိုက် ဆင်ဆာပြုလုပ်မှုကို ဧပြီလအတွင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အာဏာပိုင်တွေက တရားဝင်ရှုတ်ချခဲ့ပါတယ်။

စိုးထက်
Ref: TheVerge