TOEIC စာမေးပွဲ ရွှေ့ဆိုင်း

IIG Education Myanmar Test Center ရဲ့ လစဉ်စစ်ဆေးလျက်ရှိတဲ့ TOEIC စာမေးပွဲကို စက်တင်ဘာ ၂၈ ရက်စစ်ဆေးမှုအား ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက် ထုတ်ပြန်ကြေညာချက် (အမိန့်စာအမှတ် ၁၀၇/၂၀၂၀) အရ IIG Education Myanmar Test Center ကို ခေတ္တယာယီ ပိတ်ထားပြီး
Online Learning courses တွေဖြစ်တဲ့ TOEIC OLPC, English Discoveries နဲ့ GMetrix for Microsoft Office Specialist course တွေကို ပုံမှန်ဝယ်ယူ လေ့လာနိုင်မှာဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကို IIG Education Myanmar Facebook Page (သို့မဟုတ်) ဖုန်း – ၀၉၄၅၀၄၁၆၀၁၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««