TOEIC စာမေးပွဲများကို ပုံမှန်အတိုင်းပြန်လည်ကျင်းပမည်

Test of English for International Communication (TOEIC) စာမေးပွဲတွေကို ပုံမှန်အတိုင်း ပြန်လည်ကျင်းပသွားမယ်လို့ IIG Education Myanmar မှသိရပါတယ်။

TOEIC စာမေးပွဲတွေကို မေ ၂၃ ရက်နဲ့ ၂၅ ရက်တွေမှာ ပြန်လည်ကျင်းပသွားမှာ ဖြစ်ပြီး ဖြေဆိုလိုသူတွေ အနေနဲ့ မေ ၂၀ ရက် နောက်ဆုံးထားကာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ TOEIC စာမေးပွဲမှာ နိုင်ငံတကာလုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုစစ်ဆေးတဲ့ စာမေးပွဲဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ ထိုင်းနဲ့ အချို့သောအနောက်နိုင်ငံများရှိ တက္ကသိုလ်တွေမှာလည်း TOEIC ရလဒ်ကို ကျောင်းဝင်ခွင်နဲ့ ပညာတော်သင်စရိတ်ချီးမြှင့်ရာမှာ တောင်းဆိုကြပါတယ်။

IIG Education Myanmar Test Center ကို ပုံမှန်ရုံးချိန်အတိုင်း ပြန်လည်ဖွင့်ထားပြီး TOEIC Registration အတွက် မှတ်ပုံတင်မူရင်း၊ 3×4 cm အရွယ် ဓာတ်ပုံ ၃ ပုံ လိုအပ်မှာ ဖြစ်ပါတယ်။ စာမေးပွဲကြေး အနေနဲ့ အမေရိကန်ဒေါ်လာ ၄၀ ပေးသွင်းရမှာ ဖြစ်ပြီး အသေးစိတ်ကို ဖုန်း-၀၁-၂၃၀၅၃၇၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ