
ရှုပ်ရှုပ်ထွေးထွေးနဲ့ ဆူဆူညံညံဖြစ်ခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ဖုန်းထုတ်လုပ်သူတွေကတော့ ပရိသတ် စိတ်ကျေနပ်စေမယ့် ဖုန်းတွေ ထုတ်ပေးနိုင်ခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ TNW (The Next Web) ရွေးချယ်လိုက်တဲ့ ၂၀၂၀ ခုနှစ် အတွင်းထွက်ခဲ့တဲ့ ဖုန်းတွေကို ဖော်ပြပေးပါမယ်။
Google Pixel 5
Google ဟာ Pixel 5 ဖုန်းမှာ ပရိုဆက်ဆာကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ သိပ်ပြီး အပေါ်ယံဆန်တဲ့ feature တွေကို မထည့်သွင်းခဲ့ပါဘူး။ ဖုန်းစွမ်းဆောင်ရည်ကလည်း software နဲ့ကိုက်ညီပြီး အလွန်ချောမွေ့ပါတယ်။ ဘက်ထရီကလည်း တာရှည်ခံသလို ကင်မရာကလည်း ကောင်းမွန်ပါတယ်။
OnePlus 8T
OnePlus 8T ဖုန်းမှာ ဘက်ထရီ 4,500mAh ပါဝင်ပြီး ၆၅ မိနစ်အတွင်း 65W နဲ့အားသွင်းပေးနိုင်ပါတယ်။ OnePlus 8T ဖုန်းဟာ အားသွင်းအလွန်မြန်ဆန်ပါတယ်။
Poco X3
Xiaomi တံဆိပ်ခွဲ Poco ရဲ့ X3 ထုတ်ကုန်က အံ့အားသင့်စရာကောင်းပါတယ်။ မျက်နှာပြင် ၆.၆ လက်မ 120Hz LCD မျက်နှာဖြစ်ပြီး ဘက်ထရီ 6,000mAh (အိန္ဒိယမှာ ရောင်းချတဲ့ မော်ဒယ်) ပါဝင်လာပါတယ်။ ဖုန်းမှာ အားသွင်းမြန်ဆန်စနစ် ပါဝင်လာသလို ကင်မရာကလည်း ကောင်းမွန်ပါတယ်။ ဈေးနှုန်းက ၂၃၀ ဒေါ်လာပဲ ရှိပါတယ်။
Google Pixel 4a
၂၀၂၀ ခုနှစ်ကတော့ Google ဖုန်းတွေအတွက် အလွန်ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ အရွယ်သေးငယ် ကျစ်လျစ်ပြီး ၅.၈၁ လက်မ မျက်နှာပြင် ပါဝင်လာပါတယ်။ ကျစ်လျစ်တာကြောင့် အလွယ်တကူ သယ်လို့ရပါတယ်။ ကင်မရာလည်း အလွန်ကောင်းမွန်ပြီး အခြား Google ဝန်ဆောင်မှုတွေနဲ့ sync လုပ်ကာ အလွယ်တကူ အသုံးပြနိုင်ပါတယ်။
-စိုးထက်
Ref: TheNextWeb
»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««