TMW Giant Sale 2017 ပရိုမိုရှင်းဈေးရောင်းပွဲတော် ကျင်းပမည်

TMW Giant Sale 2017 ကို ကမ္ဘာအေးဘုရားလမ်း၊ မဟာစည်ရှိ TMW Complex တွင် ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Apple, Sony, LG, T-Home အစရှိတဲ့ brand တွေအပြင် အခြားနာမည်ကြီး brand မျိုးစုံတို့ရဲ့ ဖုန်း၊ Electronics ပစ္စည်း၊ Projector နှင့် CCTV များ၊ INAX တံဆိပ်ဘိုထိုင်၊ ကြွေပြားများ၊ GROHE တံဆိပ်ရေချိုးခန်းသုံး ပစ္စည်းများ၊ SOMANY, Guocera နှင့် T-Home အမှတ်တံဆိပ်များ၏ နံရံကပ် နှင့် ကြမ်းခင်း ကြွေပြားများကို ရောင်းချပေးသွားမှာဖြစ်သလို Bossini , Springfield , mds , Women’s secret အစရှိတဲ့ Fashion အဝတ်အစားမျိုးစုံကိုလည်း အထူးသက်သာသော ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တောင်ဒဂုံ မြယမုံမှ Wai Yan Electronics ၊ မန္တလေး TMW Tower အပြင် TMW မှ ဖွင့်လှစ်ထားသော အမြို့မြို့အနယ်နယ်ရှိ Wai Yan Electronics ဆိုင်ခွဲများ၊ Sony Showroom များ၊ LG Brand Shop များနှင့် INAX, GROHE, T-Home Tile Showroom များအားလုံးတွင်ပါ Giant Sale ပွဲတော်ကြီးကို တပြိုင်နက်တည်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

TMW Giant Sale 2017 ကို နံနက် ၉ နာရီ မှ ညနေ ၆ နာရီအထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားမှာဖြစ်ပြီး အသေးစိတ် သိရှိလိုပါက Hot Line ဖုန်း ၀၉-၇၆၃၉၀၀၉၀၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-ဝေဝေ