Tinder နဲ့ OkCupid app အချက်အလက်တွေကို အခြားကုမ္ပဏီတွေက အသုံးချနေ

ကြင်ဖော်ရှာတဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Tinder, OkCupid နဲ့ Grindr အပါအဝင် နာမည်ကျော် app ၁၀ ခုဟာ သုံးစွဲသူဆန္ဒမပါဘဲ အချက်အလက်တွေကို အခြားကုမ္ပဏီ ဒါဇင်ပေါင်းများစွာနဲ့ ဝေမျှသုံးစွဲနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။ သုံးစွဲသူတွေက အချက်အလက်တွေ ကာကွယ်ဖို့ app တွေကို install မလုပ်သင့်ဘူးလို့ အကြံပေးထားပါတယ်။

နော်ဝေစားသုံးသူကောင်စီ (Forbrukerradet) ကပြုလုပ်တဲ့ စစ်တမ်းအရ အဲဒီ app တွေမှာ အချိန်ကာလတစ်ခု အထိ ခြေရာခံတဲ့ Clue နဲ့ My Days app တွေပါဝင်ပြီး ကြော်ငြာနဲ့ဆက်စပ်တဲ့ ကုမ္ပဏီပေါင်း ၁၃၅ ခုနဲ့ အချက်အလက်တွေ ဝေမျှသုံးစွဲနေပါတယ်။ ဝေမျှထားတဲ့အချက်အလက်တွေထဲမှာ သုံးစွဲသူ GPS တည်နေရာနဲ့ IP လိပ်စာတွေအပြင် ကျား/မ၊ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုနဲ့ နိုင်ငံရေးရပ်တည်ချက်တွေ ပါဝင်ပါတယ်။

သုံးစွဲသူရဲ့ ကျန်းမာရေး ဒါမှမဟုတ် ရာသီခွင် အချက်အလက်တွေကို မဝေမျှသလို ကြော်ငြာရှင်နဲ့ အခြားဝန်ဆောင်မှုတွေဆီ မရောင်းချဘူးလို့ Clue ကငြင်းဆိုခဲ့ပါတယ်။ ကုမ္ပဏီက Braze နဲ့ အချက်အလက်ဝေမျှထားပေမယ့် privacy ပေါ်လစီမှာ ဖော်ပြထားတယ်လို့ ဖော်ပြထားပါတယ်။

Tinder နဲ့ OkCupid ပိုင်ဆိုင်တဲ့ Match Group ကတော့ နည်းပညာဆိုင်ရာလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုအားလုံးကို ကူညီဖို့ third-party ကုမ္ပဏီတွေကို အသုံးပြုတယ်လို့ ဝန်ခံထားပါတယ်။

စိုးထက်
Ref: CNET