Time Warner ကုိ အၿပီးသတ္ဝယ္ယူလိုက္တဲ့ AT&T

[ Zawgyi ]

AT&T အေနနဲ႔ Time Warner ကို အၿပီးသတ္ဝယ္ယူမႈ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္သြားခဲ့ပါတယ္။ ကုမၸဏီႏွစ္ခုပူးေပါင္းမႈကို ဆက္လက္ျပဳလုပ္ႏိုင္ၿပီလို႔ အေမရိကန္ခ႐ို္င္တရား႐ုံး တရားသူႀကီးက အမိန္႔ခ်ၿပီး ၂ ရက္အၾကာမွာ အခုထုတ္ျပန္ခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

“Warner Bros က content နဲ႔ ဖန္တီးမႈအရည္အေသြးက HBO နဲ႔ Turner ကို ထိပ္တန္းအဆင့္ေရာက္ေစပါတယ္။ အဲဒီ အရည္အေသြးေတြအားလုံးကို AT&T ရဲ႕အင္အားစုထဲ ေပါင္းစပ္လိုက္ရင္ ကၽြန္ေတာ္တို႔က သုံးစြဲသူေတြအတြက္ ျခားနားၿပီး အရည္အေသြးျမင့္၊ မိုဘိုင္းအသားေပး ေဖ်ာ္ေျဖေရးအေတြ႕အႀကဳံေတြ ေပးလာႏိုင္မွာပါ” လို႔ AT&T အမႈေဆာင္အရာရွိခ်ဳပ္နဲ႔ ဥကၠ႒ျဖစ္သူ ရန္ဒယ္လ္စတက္ဖန္ဆန္က ေျပာပါတယ္။

အဲဒီသတင္းထြက္ေပၚအၿပီးမွာ ကုမၸဏီႏွစ္ခုေပါင္းစပ္ဖုိ႔ကို တားဆီးသြားမွာမဟုတ္ဘူးလို႔ အေမရိကန္ တရားေရးဌာနကေျပာခဲ့ပါတယ္။ ဒါေပမဲ့ ကုမၸဏီႏွစ္ခုပူးေပါင္းမႈအၿပီးမွာလည္း အဲဒီကိစၥအေပၚ အေမရိကန္တရားေရးဌာနက ကန္႔ကြက္ႏိုင္ပါေသးတယ္။

ကုမၸဏီႏွစ္ခုအၾကားက ေပါင္းစပ္မႈဟာ တီဗီေဈးကြက္မွာ ၿပိဳင္ဆုိင္မႈနဲ႔ ဆန္းသစ္တီထြင္မႈ နည္းပါးေစမယ္လို႔ အခုတစ္ပတ္အေစာပုိင္းမွာ အေမရိကန္တရားေရးဌာနက ထုတ္ျပန္ခဲ့ဖူးပါတယ္။

AT&T အေနနဲ႔ Time Warner ဝယ္ယူမႈကို ႏိုဝင္ဘာလကတည္းက ရပ္တန္႔ထားပါတယ္။ အဲဒီအခ်ိန္မွာ တရားေရးဌာနက သုံးစြဲသူအတြက္ ေရြးခ်ယ္မႈနည္းပါးတာနဲ႔ အသုံးစရိတ္ျမင့္တက္လာႏိုင္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဝယ္ယူမႈကုိရပ္တန္႔ဖို႔ တရားစြဲဆုိခဲ့ပါတယ္။

AT&T က Time Warner ကိုေအာင္ျမင္စြာ ဝယ္ယူႏိုင္ခဲ့တာေၾကာင့္ တီဗီေဈးကြက္အေပၚ သက္ေရာက္မႈ ရွိလာပါၿပီ။ Comcast ကလည္း Fox ကုိ ေဒၚလာ ၆၅ ဘီလ်ံနဲ႔ဝယ္ယူဖို႔ ကမ္းလွမ္းထားပါေသးတယ္။

စိုးထက္
Ref: MacRumors

[ Unicode ]

AT&T အနေနဲ့ Time Warner ကို အပြီးသတ်ဝယ်ယူမှု ပြုလုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။ ကုမ္ပဏီနှစ်ခုပူးပေါင်းမှုကို ဆက်လက်ပြုလုပ်နိုင်ပြီလို့ အမေရိကန်ခရို်င်တရားရုံး တရားသူကြီးက အမိန့်ချပြီး ၂ ရက်အကြာမှာ အခုထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

“Warner Bros က content နဲ့ ဖန်တီးမှုအရည်အသွေးက HBO နဲ့ Turner ကို ထိပ်တန်းအဆင့်ရောက်စေပါတယ်။ အဲဒီ အရည်အသွေးတွေအားလုံးကို AT&T ရဲ့အင်အားစုထဲ ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့က သုံးစွဲသူတွေအတွက် ခြားနားပြီး အရည်အသွေးမြင့်၊ မိုဘိုင်းအသားပေး ဖျော်ဖြေရေးအတွေ့အကြုံတွေ ပေးလာနိုင်မှာပါ” လို့ AT&T အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဋ္ဌဖြစ်သူ ရန်ဒယ်လ်စတက်ဖန်ဆန်က ပြောပါတယ်။

အဲဒီသတင်းထွက်ပေါ်အပြီးမှာ ကုမ္ပဏီနှစ်ခုပေါင်းစပ်ဖို့ကို တားဆီးသွားမှာမဟုတ်ဘူးလို့ အမေရိကန် တရားရေးဌာနကပြောခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီနှစ်ခုပူးပေါင်းမှုအပြီးမှာလည်း အဲဒီကိစ္စအပေါ် အမေရိကန်တရားရေးဌာနက ကန့်ကွက်နိုင်ပါသေးတယ်။

ကုမ္ပဏီနှစ်ခုအကြားက ပေါင်းစပ်မှုဟာ တီဗီဈေးကွက်မှာ ပြိုင်ဆိုင်မှုနဲ့ ဆန်းသစ်တီထွင်မှု နည်းပါးစေမယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ခဲ့ဖူးပါတယ်။

AT&T အနေနဲ့ Time Warner ဝယ်ယူမှုကို နိုဝင်ဘာလကတည်းက ရပ်တန့်ထားပါတယ်။ အဲဒီအချိန်မှာ တရားရေးဌာနက သုံးစွဲသူအတွက် ရွေးချယ်မှုနည်းပါးတာနဲ့ အသုံးစရိတ်မြင့်တက်လာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝယ်ယူမှုကိုရပ်တန့်ဖို့ တရားစွဲဆိုခဲ့ပါတယ်။

AT&T က Time Warner ကိုအောင်မြင်စွာ ဝယ်ယူနိုင်ခဲ့တာကြောင့် တီဗီဈေးကွက်အပေါ် သက်ရောက်မှု ရှိလာပါပြီ။ Comcast ကလည်း Fox ကို ဒေါ်လာ ၆၅ ဘီလျံနဲ့ဝယ်ယူဖို့ ကမ်းလှမ်းထားပါသေးတယ်။

စိုးထက်
Ref: MacRumors