
အိန္ဒိယအစိုးရက TikTok, WeChat နဲ့ Mi Community အပါအဝင် မိုဘိုင်း app ၅၉ ခုကို ပိတ်ပင်လိုက်ပါတယ်။ Android နဲ့ iOS ပေါ်က တချို့ မိုဘိုင်း app တွေက အခွင့်မရှိဘဲ သုံးစွဲသူအချက်အလက်တွေကို အိန္ဒိယပြင်ပက ဆာဗာတွေဆီ ပေးနေတယ်ဆိုတဲ့ အစီရင်ခံစာတွေကို ရင်းမြစ်အမျိုးမျိုးကနေ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန လက်ခံရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဆိုက်ဘာပြစ်မှုဖော်ထုတ်ရေး စင်တာ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကွန်ပျူတာအရေးပေါ်အခြေအနေတုံ့ပြန်ရေး (CERT-IN) ကအစီရင်ခံစာအရ အိန္ဒိယအစိုးရ ပိတ်ပင်လိုက်တဲ့ app တွေဟာ နိုင်ငံသား တစ်ကိုယ်ရေလုံခြုံမှုကို အန္တရာယ်ပေးနိုင်ကာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။ အိန္ဒိယအစိုးရက တချို့ app တွေ သုံးစွဲမှုကို မိုဘိုင်းနဲ့ မိုဘိုင်းမဟုတ်တဲ့ ထုတ်ကုန်နဲ့ပါ ခွင့်မပြုဖို့ ဆုံးဖြတ်ထားပါတယ်။
အခုစာရင်းထဲမှာ အိန္ဒိယအတွင်း ကြော်ငြာနေတဲ့ app များစွာပါဝင်ပြီး file explorer, document scanner, RAM cleaner နဲ့ လွတ်လပ်တဲ့ ဝေမျှမှုလုပ်နိုင်တဲ့ ဝန်ဆောင်မှု ပါဝင်လာပါတယ်။ တရုတ်ကုမ္ပဏီကြီးတွေရဲ့ platoform တွေဖြစ်တဲ့ Baidu app, Alibaba ရဲ့ UC Browser နဲ့ Tencent ရဲ့ QQ app များစွာလည်း ပါဝင်တယ်။
စမတ်ဖုန်းကုမ္ပဏီ Xiaomi ကထုတ်လုပ်တဲ့ app တွေကို ပိတ်ပင်ထားပါတယ်။ စာရင်းထဲမှာ Huawei တော့မပါပါဘူး။
နယ်စပ်မှာ အိန္ဒိယစစ်သားဦးရေ ၂၀ သတ်ခံရပြီးနောက် အိန္ဒိယက တရုတ်အပေါ် နိုင်ငံရေးဆိုင်ရာ အကွက်ရွှေ့မှုဖြစ်နိုင်ပြီး ရပ်တည်ချက်ကို ပြသတာဖြစ်ပါတယ်။
အိန္ဒိယအစိုးရ ပိတ်ပင်ခဲ့တဲ့ app တွေကို စာရင်းနဲ့တကွ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
1. TikTok | 11. YouCam makeup | 21. UC News | 31. Mi Video Call – Xiaomi | 41. DU Cleaner | 51 Baidu Translate |
2. Shareit | 12. Mi Community | 22. QQ Mail | 32. WeSync | 42. DU Browser | 52. Vmate |
3. Kwai | 13. CM Browers | 23. Weibo | 33. ES File Explorer | 43. Hago Play With New Friends | 53. QQ International |
4. UC Browser | 14. Virus Cleaner | 24. Xender | 24. Viva Video – QU Video Inc | 44. Cam Scanner | 54. QQ Security Center |
5. Baidu map | 15. CAPUS Browser | 25. QQ Music | 35. Meitu | 45. Clean Master – Cheetah Mobile | 55. QQ Launcher |
6. Shein | 16. ROMWE | 26. QQ Newsfeed | 36. Vigo Video | 46. Wonder Camera | 56. U Video |
7. Clash of Kings | 17. Club Factory | 27. Bigo Live | 37. New Video Status | 47. Photo Wonder | 57. V fly Status Video |
8. DU battery saver | 18. Newsdog | 28. SelfieCity | 38. DU Recorder | 48. QQ Player | 58. Mobile Legends |
9. Helo | 19. Beutry Plus | 29. Mail Master | 39. Vault- Hide | 49. We Meet | 59. DU Privacy |
10. Likee | 20. WeChat | 30. Parallel Space | 40. Cache Cleaner DU App studio | 50. Sweet Selfie |
-စိုးထက်
Ref: GSMArena