TikTok- Oracle သဘောတူညီမှုကို လက်မှတ်ရေးထိုးမှာ မဟုတ်တဲ့ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က TikTok နဲ့ Oracle အကြားက ရောင်းဝယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ မပြင်ဆင်ထားဘူးလို့ ပြောလိုက်ပါတယ်။ အခု သဘောတူညီချက်က TikTok app နဲ့ပတ်သက်တဲ့ နိုင်ငံတော်လုံခြုံရေးအပေါ် စိုးရိမ်မှုကို ဖြေရှင်းနိုင်ဖို့ သေချာအောင် လုပ်ဆောင်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောသွားပါတယ်။

သမ္မတဒေါ်နယ်ထရမ့်က TikTok မိခင်ကုမ္ပဏီ ByteDance ဟာ အမေရိကန်သုံးစွဲသူအချက်အလက်ကို တရုတ်အစိုးရဆီ ထောက်ပံ့နိုင်တယ်လို့ TikTok အပေါ် ပစ်မှတ်ထားစောင့်ကြည့်ခဲ့ပါတယ်။ ဒီနှစ် နွေရာသီ အစောပိုင်းကတည်းက အမေရိကန်နိုင်ငံအတွင်းက TikTok အနာဂတ်ကတော့ မတင်မကျအခြေအနေပါပဲ။

အမေရိကန်က သုံးစွဲသူအချက်အလက်တွေကို စင်ကာပူနိုင်ငံမှာ အရန်ထားထားတယ်လို့ ByteDance က ပြောခဲ့ပါတယ်။ အချက်အလက်တွေကို တရုတ်အစိုးရဆီ ထောက်ပံ့ဖူးတာ မရှိဘူးလို့ ကုမ္ပဏီက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««