TikTok လို app ကို Facebook ဖြန့်ချိ

Facebook ရဲ့ app တွေထုတ်လုပ်တဲ့ New Product Experimentation အဖွဲ့က TikTok ပုံစံ Collab app ကိုဖြန့်ချိလိုက်ပါတယ်။ Collab ဟာသူငယ်ချင်းတွေနဲ့ အတူ ဂီတတွေဖန်တီးနိုင်ပါတယ်။ Collab ကို iOS အတွက် invite သီးသန့် app အဖြစ်ဖြန့်ချိလိုက်ပါတယ်။ သုံးစွဲသူတွေက Collab မှာ မူရင်းဗီဒီယိုနဲ့ သီချင်းကို ပေါင်းစပ်ဖန်တီးနိုင်ပါတယ်။

သုံးစွဲသူတွေက ဂီတနောက်ခံမရှိဘဲ ကိုယ်ပိုင်သီချင်းတွေကို အသံသွင်းနိုင်တယ်။ အခု app မှာအခြား ဗီဒီယိုတွေကို ရှာဖွေပြီး ပြီးပြည့်စုံတဲ့ ဖန်တီးမှုလုပ်ခွင့်ပြုထားပါတယ်။

Facebook ဟာအမေရိကန်နဲ့ ကနေဒါက သုံးစွဲသူတွေနဲ့ စတင်ပြီး အဖွဲ့လိုက် app ကို invite လုပ်နေပါတယ်။ ဒါမှမဟုတ်လည်း ဒီလင့်ခ်မှာ စာရင်းပေးနိုင်ပါတယ်။

-စိုးထက်
Ref: CNET