TikTok မိခင္ကုမၸဏီ ByteDance ကုိယ္ပုိင္စမတ္ဖုန္းကို လုပ္ကုိင္ေနဟုဆို

[ Zawgyi ]

ByteDance ဟာ TikTok ကုိဖန္တီးတဲ့ ကုမၸဏီျဖစ္ၿပီး အခုအခါ ကုိယ္ပုိင္ စမတ္ဖုန္း တည္ေဆာက္မယ္လို႔ သိရပါတယ္။ အဲဒီစမတ္ဖုန္းမွာ သတင္းေတြဖတ္႐ႈႏိုင္တဲ့ Jinri Toutiao, နာမည္ေက်ာ္ TikTok နဲ႔ မျဖန္႔ခ်ိရေသးတဲ့ သီခ်င္းဝန္ေဆာင္မႈအပါအဝင္ ByteDance ရဲ႕ app မ်ားစြာပါဝင္လာႏိုင္တယ္လို႔ Financial Times ကသတင္းရင္းျမစ္ ၂ ခု ကုိးကားေဖာ္ျပ ခဲ့ပါတယ္။

ByteDance အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ က်န္းရီမင္ဟာ ႀကိဳတင္ထည့္သြင္းထားတဲ့ app ေတြပါဝင္တဲ့ စမတ္ဖုန္းကုိ တည္ေဆာက္ဖုိ႔ အိပ္မက္မက္ခဲ့တာ ၾကာၿပီလို႔ Financial Times ကေျပာခဲ့ပါတယ္။ ေဘက်င္း အေျခစိုက္ကုမၸဏီ ByteDance ဟာဒီႏွစ္အေစာပုိင္းမွာ ဖုန္းထုတ္လုပ္သူ Smatisan ကုိဝယ္ယူလိုက္တယ္လို႔ အတည္ျပဳထားပါတယ္။ Smartisan ဝန္ထမ္းတစ္ခ်ိဳ႕ကုိ ခန္႔အပ္ကာ ရင္းႏွီးျမႇဳပ္ႏွံမႈအစုစု မူပုိင္ခြင့္ကုိ ဝယ္ယူလိုက္တယ္လို႔ ByteDance ကေျပာၾကားထားပါတယ္။ အခုဝယ္ယူမႈဟာ ပညာေရးဆိုင္ရာလုပ္ငန္းထဲ စူးစမ္းဖို႔ အေထာက္အကူျဖစ္ေစတယ္လို႔ ByteDance ကေျပာၾကားခဲ့ပါတယ္။

သတင္းမွာ ByteDance ဖုန္းဒီဇိုင္းနဲ႔ ပစ္မွတ္ထားတဲ့ ေဈးကြက္အေသးစိတ္ကုိ မေဖာ္ျပခဲ့ပါဘူး။ ဒါေပမဲ့ တ႐ုတ္ဆက္သြယ္ေရး ကုမၸဏီေတြအေပၚ အေမရိကန္အစိုးရက ရန္လိုမႈက ByteDance ကုိအတားအဆီးျဖစ္ေစပါတယ္။ ByteDance ဟာ TikTok အသုံးျပဳမႈမ်ားျပားတဲ့ အိႏၵိယမွာ ျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ အိႏၵိယအစိုးရက ယဥ္ေက်းမႈဆိုင္ရာ တန္ဖိုးေတြကို သိကၡာခ်မႈေၾကာင့္ TikTok ကုိခဏတာ ပိတ္ပင္ခဲ့ဖူးပါတယ္။Facebook နဲ႔ Amazon ဟာထူးျခားတဲ့ app ေတြပါဝင္တဲ့ ဖုန္းေတြကုိ ထုတ္လုပ္ဖူးပါတယ္။ ဒါေပမယ့္ လုံးဝေရပန္းမစား ခဲ့တာေၾကာင့္ အဲဒီထုတ္ကုန္ေတြကုိ ဆက္လက္မထုတ္လုပ္ေတာ့ပါဘူး။

စိုးထက္
Ref: TheVerge

[ Unicode ]

ByteDance ဟာ TikTok ကိုဖန်တီးတဲ့ ကုမ္ပဏီဖြစ်ပြီး အခုအခါ ကိုယ်ပိုင် စမတ်ဖုန်း တည်ဆောက်မယ်လို့ သိရပါတယ်။အဲဒီစမတ်ဖုန်းမှာ သတင်းတွေဖတ်ရှုနိုင်တဲ့ Jinri Toutiao, နာမည်ကျော် TikTok နဲ့ မဖြန့်ချိရသေးတဲ့ သီချင်းဝန်ဆောင်မှုအပါအဝင် ByteDance ရဲ့ app များစွာပါဝင်လာနိုင်တယ်လို့ Financial Times ကသတင်းရင်းမြစ် ၂ခုကိုးကားဖော်ပြခဲ့ပါတယ်။

ByteDance အမှုဆောင်အရာရှိချုပ်ဖြစ်သူ ကျန်းရီမင်ဟာ ကြိုတင်ထည့်သွင်းထားတဲ့ app တွေပါဝင်တဲ့ စမတ်ဖုန်းကို တည်ဆောက်ဖို့ အိပ်မက်မက်ခဲ့တာ ကြာပြီလို့ Financial Times ကပြောခဲ့ပါတယ်။ ဘေကျင်း အခြေစိုက်ကုမ္ပဏီ ByteDance ဟာဒီနှစ်အစောပိုင်းမှာ ဖုန်းထုတ်လုပ်သူ Smatisan ကိုဝယ်ယူလိုက်တယ်လို့ အတည်ပြုထားပါတယ်။ Smartisan ဝန်ထမ်းတစ်ချို့ကို ခန့်အပ်ကာ ရင်းနှီးမြှုပ်နှံမှုအစုစု မူပိုင်ခွင့်ကို ဝယ်ယူလိုက်တယ်လို့ ByteDance ကပြောကြားထားပါတယ်။ အခုဝယ်ယူမှုဟာ ပညာရေးဆိုင်ရာလုပ်ငန်းထဲ စူးစမ်းဖို့ အထောက်အကူဖြစ်စေတယ်လို့ ByteDance ကပြောကြားခဲ့ပါတယ်။

သတင်းမှာ ByteDance ဖုန်းဒီဇိုင်းနဲ့ ပစ်မှတ်ထားတဲ့ ဈေးကွက်အသေးစိတ်ကို မဖော်ပြခဲ့ပါဘူး။ ဒါပေမဲ့ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီတွေအပေါ် အမေရိကန်အစိုးရက ရန်လိုမှုက ByteDance ကိုအတားအဆီးဖြစ်စေပါတယ်။ ByteDance ဟာ TikTok အသုံးပြုမှုများပြားတဲ့ အိန္ဒိယမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အိန္ဒိယအစိုးရက ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးတွေကို သိက္ခာချမှုကြောင့် TikTok ကိုခဏတာ ပိတ်ပင်ခဲ့ဖူးပါတယ်။Facebook နဲ့ Amazon ဟာထူးခြားတဲ့ app တွေပါဝင်တဲ့ ဖုန်းတွေကို ထုတ်လုပ်ဖူးပါတယ်။ ဒါပေမယ့် လုံးဝရေပန်းမစား ခဲ့တာကြောင့် အဲဒီထုတ်ကုန်တွေကို ဆက်လက်မထုတ်လုပ်တော့ပါဘူး။

စိုးထက်
Ref: TheVerge