
လူတွေကို ဖျော်ဖြေမှုပေးနိုင်တဲ့ TikTok မှာကျော်ကြားလာမှုက ဝင်ငွေရရှိစေမှာပါ။ Instagram, YouTube နဲ့ အခြားလူမှုရေးမီဒီယာ platform တွေမှာ အောင်မြင်သူတိုင်း monetize လုပ်ရင်းနဲ့ ငွေကြေးများစွာ ရရှိနေကြပါတယ်။ TikTok ကလည်း အဲဒီ platform တွေလိုပါပဲ။
တရုတ်နိုင်ငံက အင်တာနက်ကုမ္ပဏီ ByteDance ပိုင်တဲ့ TikTok ဟာ အလွန်ရေပန်းစားတယ်။ ၂၀၁၉ ခုနှစ်မှာ download ပြုလုပ်မှုနှုန်းက အလွန်မြင့်တက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာလည်း ဆက်လက်မြင့်တက်နေပါတယ်။ Tiktok မှာ lip sync လုပ်တဲ့ ဗီဒီယိုအတိုလေးတွေကို ဖန်တီးကြပါတယ်။ ဒါ့အပြင် ၉၀ ခုနှစ် နောက်ပိုင်းမွေးတဲ့ Z မျိုးဆက်တွေကြောင့် TikTok အလွန်ကျော်ကြားလာပါတယ်။
TikTok က YouTube မတူတာက ကြော်ငြာဝင်ငွေအတွက် သုံးစွဲသူတွေဆီ တိုက်ရိုက်ငွေမပေးပါဘူး။ ဒါပေမဲ့ TikTok ပေါ်မှာ ငွေကြေးရှာနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ TikTok သုံးစွဲသူတွေက အမှတ်တံဆိပ်ပူးပေါင်းလုပ်တာ၊ ကုန်ပစ္စည်းရောင်းတာနဲ့ အခြားလူမှုကွန်ရက် account တွေနဲ့ ပူးပေါင်းပြီး ကြော်ငြာတာတွေ လုပ်ကြပါတယ်။ TikTok သုံးစွဲသူတွေက ပရိသတ်တွေဆီက virtual donation တွေကနေ ငွေထုတ်လိုရပါတယ်။
TikTok ပေါ်က ကြယ်ပွင့်တွေထဲမှာ ဘယ်သူ ဝင်ငွေအများဆုံး ရနေလဲဆိုတာကို Influencer Marketing Hub က အချက်အလက် အခြေခံပြီး ဖော်ပြပေးလိုက်ပါတယ်။
(၁) Charli D’Amelio
Charli D’Amelio ကို follow လုပ်သူ ၅၂ သန်းရှိကာ စုစုပေါင်း like ၃.၅ ဘီလျံရှိပြီး engagement နှုန်းကတော့ ၅.၃ ရာခိုင်နှုန်း ရှိပါတယ်။ Charli D’Amelio ဟာ post တစ်ခုကို ဒေါ်လာ ၃၀,၉၃၄ နဲ့ ဒေါ်လာ ၅၁,၅၅၆ ရှိနေပါတယ်။
Charli D’Amelio ရဲ့ဗီဒီယိုတွေအများစုက နာမည်ကျော် သီချင်းတွေနဲ့ ကတာ၊ lip sync လုပ်တာ ဖြစ်ပါတယ်။
(၂) Loren Gray
Loren Gray ရဲ့ follower တွေကတော့ ၄၂ သန်းရှိပြီး like ၂.၃ ဘီလျံ ရှိပါတယ်။ သူမရဲ့ lip synch ဗီဒီယို အတိုလေးတွေကို engage ပျှမ်းမျှလုပ်မှု ၂.၂၈ ရာခိုင်နှုန်း ရှိပါတယ်။ သူမရဲ့ post တစ်ခုက ဒေါ်လာ ၂၅,၅၈၀ ကနေ ဒေါ်လာ ၄၂,၆၃၃ ရှိနိုင်ပါတယ်။
(၃) Zach King
Zach King ရဲ့ TikTok အတိုလေးတွေက မျက်လှည့် လှည့်ကွက်တွေနဲ့ အထူးပြုလုပ်ချက်တွေ ပါဝင်ပြီး အံ့အားသင့်စရာကောင်းပါတယ်။ သူဟာ post တစ်ခုကို ဒေါ်လာ ၂၅,၀၇၅ နဲ့ ဒေါ်လာ ၄၁,၇၉၁ အကြား ရနိုင်ပါတယ်။ သူ့အချက်အလက်မှာတော့ follow လုပ်သူ ၄၂ သန်းရှိပြီး like ၄၄၂ သန်းနဲ့ engagement ၅.၄ ရာခိုင်နှုန်း ရှိပါတယ်။
(၄) Riyaz
Riyaz ဟာ ပြဇာတ်ဆန်ဆန် lip sync နဲ့ဖျော်ဖြေမှုကို အခြားတင်ဆက်သူတွေနဲ့လည်း ပြုလုပ်လေ့ရှိပါတယ်။ သူ့မှာ follower ၃၇ သန်း၊ like ၂ ဘီလျံနဲ့ engagement နှုန်းကတော့ ၂.၆၆ ရှိပါတယ်။ သူဟာ post တစ်ခုကို ဒေါ်လာ ၂၂,၀၇၅ နဲ့ ဒေါ်လာ ၃၆,၇၉၁ အကြား ရနိုင်ခြေရှိပါတယ်။
(၅) Addison Rae
Addison Rae မှာ follower ၃၇ သန်းရှိပြီး like ၂ ဘီလျံနဲ့ ပျှမ်းမျှ engagement နှုန်းကတော့ ၅.၇၄ ရာခိုင်နှုန်း ရှိပါတယ်။ သူမရဲ့ ရင်သပ်ရှုမောဖွယ် အကဗီဒီယိုလေးတွေက ဒေါ်လာ ၂၁,၉၂၃ နဲ့ ဒေါ်လာ ၃၆,၅၃၈ အကြား ရပါတယ်။
(၆) BabyAriel
BabyAriel ကို follow ပြုလုပ်သူ ၃၃ သန်း ရှိပါတယ်။ Like အရေအတွက် ၂ ဘီလျံနဲ့ ပျှမ်းမျှ engagement ကတော့ ၂.၅၁ ရာခိုင်နှုန်း ရှိပါတယ်။ သူမဟာ post တစ်ခုကို ဒေါ်လာ ၁၉,၅၁၁ နဲ့ ဒေါ်လာ ၃၂,၅၁၉ အကြား ရနေပါတယ်။
(၇) Spencer X
Spencer X ဟာ နာမည်ကျော် prankster တစ်ဦးဖြစ်ပါတယ်။ သူ့ကို follow ပြုလုပ်သူ ၂၉ သန်း ရှိပါတယ်။ Post တစ်ခုကို ဒေါ်လာ ၁၇,၂၂၈ နဲ့ ဒေါ်လာ၂၈,၇၁၃ အကြား ရရှိနိုင်ပါတယ်။
စိုးထက်
Ref: TheStreet
စာဖတ်ပရိတ်သတ်ကြီးထဲမှာ Twitter သုံးတဲ့သူတွေရှိလား? https://twitter.com/internetjournal မှာလည်း အင်တာနက်ဂျာနယ်က တင်ဆက်ပေးနေတဲ့ သတင်းတွေဖတ်လို့ရတယ်နော် . . .