TikTok ပုံတူ Zynn ကို App Store ကနေ ဖယ်ရှား

TikTok ပုံတူ Zynn ဟာ မေလနှောင်းပိုင်းအတွင် app store စာရင်းထိပ်ဘက်မှာ ဦးဆောင်ခဲ့ပြီး အခုဆိုရင် Apple App Store ကနေ ဖြုတ်ချလိုက်ပါတယ်။ အငြင်းပွားဖွယ် Zynn ဟာ Google Play Store ကနေလည်း ဖြုတ်ချခံခဲ့ရပါတယ်။

Zynn ဟာ ခွင့်ပြုချက်မရဘဲ content တွေကို ဖော်ပြထားတယ်လို့ influencer တွေက တိုင်တန်းခဲ့ကြပါတယ်။ အခြားသူတွေက sign up မလုပ်ထားဘဲ Zynn မှာ Profile ရှိနေတယ်လို့ Wired ကဖော်ပြခဲ့ပါတယ်။

အမေရိကန် App Store ကနေ မဖယ်ရှားရခင်က Zynn ဟာ နံပါတ် ၅ နေရာ ရပ်တည်နေပါတယ်။ မေ ၂၇ ရက် မှာတော့ ပထမဆုံးအကြိမ် နံပါတ် (၁) နေရာ ရောက်ခဲ့ပြီး ဇွန် ၁ ရက်အထိ တည်မြဲခဲ့တယ်။ ဇွန် ၅ ရက်ကနေ ၁၀ ရက်အထိ နံပါတ် (၁) နေရာကို သိမ်းပိုက်ထားပါတယ်။ Zynn ကို iOS မှာ download ပြုလုပ်တဲ့အကြိမ်ရေ ၅ သန်း ရှိတယ်။ Google Play မှာတော့ အကြိမ်ရေ ၇၀၀,၀၀၀ ရှိခဲ့ပါတယ်။

စိုးထက်
Ref: TechCrunch