TikTok ပုံစံ feature ကို Snapchat ထည့်သွင်း

Snapchat သုံးစွဲသူတွေဟာ ဗီဒီယိုတွေမှာ သီချင်းတွေကို ထည့်သွင်းနိုင်တော့ပါမယ်။ မိခင်ကုမ္ပဏီ Snap ဟာ အဲဒီလုပ်ဆောင်ချက်ထည့်သွင်းဖို့ Warner Music Group, Universal Music Publishing Group နဲ့ Merlin အပါအဝင် ဂီတကုမ္ပဏီကြီးတွေနဲ့ မူပိုင်ခွင့် သဘောတူညီချက်ယူထားပါတယ်။

Snap က feature အသစ်ကို တနင်္လာနေ့က စတင်ပြီး နယူးဇီလန်နဲ့ ဩစတြေးလျမှာ စမ်းသပ်မယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

သူငယ်ချင်းတွေက အခုလုပ်ဆောင်ချက်ကြောင့် သီချင်းနဲ့အတူ Snap တွေကို ပို့နိုင်ပါမယ်။ သုံးစွဲသူက အယ်လ်ဘမ်ကာဗာကို မြင်နိုင်သလို သီချင်းခေါင်းစဉ်နဲ့ အဆိုတော်ကို မြင်နိုင်ပါမယ်။ ဒါ့အပြင် သီချင်းကို ဖွင့်ဖို့ Linkfire ဝက်ဘ်ဆိုက်လင့်ကို မြင်ရပါမယ်။ ဒါကြောင့် သုံးစွဲသူက Spotify, Apple Music နဲ့ SoundCloud ကနေ သီချင်းကို နားထောင်နိုင်မယ်လို့ Snapchat ကထုတ်ပြန်လိုက်ပါတယ်။

သူငယ်ချင်းတစ်ယောက်က သီချင်းပါတဲ့ Snap ကိုပို့လိုက်ရင် အယ်ဘမ်ကာဗာ၊ သီချင်းနဲ့ အဆိုတော်ကို ကြည့်ဖို့ swipe လုပ်ရပါမယ်။ ပြီးရင်တော့ “Play This Song” လင့်ခ်ကို ဖွင့်လိုက်ရင် Linkfire ကိုရောက်သွားပြီး သီချင်းကို အပြည့်အဝ နားထောာင်ပါမယ်။ Snapchat က အနီးစပ်ဆုံးသူငယ်ချင်းအတွက် ဆက်သွယ်ရေး tool တစ်ခုအဖြစ် ဒီဇိုင်းထုတ်ထားပြီး သူငယ်ချင်းတွအကြား သီချင်းကို ညွှန်းနိုင်ပါတယ်။

-စိုးထက်
Ref: CNET