TikTok ပရိသတ် သန်း ၁၀၀ ကျော်သွားတဲ့ ချာလီဒီအမ်လီယို

ချာလီဒီမမ်လီယိုဟာ follow ပြုလုပ်သူ သန်း ၁၀၀ ကျော်ရှိလာတဲ့ ပထမဆုံး TikTok ဖန်တီးသူ ဖြစ်လာပါတယ်။ သူမဟာ TikTok မှာ ပထမဆုံး ပရိသတ် သန်း ၁၀၀ ကျော်ရှိသူ ဖြစ်ပြီး နောက်က ထိပ်တန်း TikTok ဖန်တီးသူ နှစ်ဦးက ပရိသတ် သန်း ၅၀ ကျော်ပဲ ရှိပါတယ်။

TikTok မှာ ချာလီဒီမမ်လီယို ပရိသတ်တွေက ဝဲလ်စမစ်ထက် ၃ ဆ၊ The Rock ထက် ၄ ဆ၊ ဆယ်လီနာဂိုမက်ထက် ၄ ဆနဲ့ ကိုင်လီဂျန်နာနဲ့ အေရီယာနာဂရန်ဒီထက် ၅ ဆ များပြားပါတယ်။

သူမဟာ စံချိန်တင် အချိန်အတိုင်းအတာနဲ့ ပရိသတ် သန်း ၁၀၀ ရရှိခဲ့ပါတယ်။ YouTube မှာတော့ ချန်နယ်တစ်ခုမှာ ပရိသတ် သန်း ၁၀၀ ပြည့်ဖို့ ၁၄ နှစ် ကြာပါတယ်။ ဒီမမ်လီယိုဟာ ၂၀၁၉ မေလမှာ TikTok မှာ post တင်ခဲ့ပါတယ်။ TikTok လက်ရှိအမှတ်တံဆိပ် app ကတော့ ၂၀၁၈ ဩဂုတ်လနောက်ပိုင်းမှပဲ ပေါ်လာတာပါ။

သူမနဲ့ TikTok အတွက် ကြီးမားတဲ့ သမိုင်းမှတ်တိုင် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာ ချာလီဒီမမ်လီယိုက TikTok ကျော်လွန်တဲ့ ကျော်ကြားမှုကို ရှာဖွေနေပါတယ်။ လအနည်းငယ်တုန်းကတော့ ဒီမမ်လီယိုဟာ podcast မိတ်ဆက်ထားပြီး YouTube ကိုလည်း တိုးချဲ့ထားသလို စာအုပ်မိတ်ဆက်တာကိုလည်း ပြုလုပ်ထားပါသေးတယ်။

စိုးထက်
Ref: TheVerge