
အိန္ဒိယအစိုးရဟာ အချက်အလက်စုဆောင်းမှုနဲ့ သုံးစွဲသူ privacy ပြဿနာတွေကြောင့် မိုဘိုင်း app ၂၅၀ ကျော်ကို ပိတ်ထားတာ လအနည်းငယ် ကြာမြင့်ပါပြီ။
အဲဒီ app တွေထဲမှာ နာမည်ကျော် TikTok, WeChat, Baidu, Alibaba ရဲ့ UC Browser, Xiaomi app တွေနဲ့ ဂိမ်းတွေ ပါဝင်လာပါတယ်။အိန္ဒိယကတော့ app ကိုယ်စားလှယ်တွေက အချက်အလက်လုံခြုံရေးနဲ့ privacy တုံ့ပြန်မှုတွေဟာ အစိုးရစိတ်ကြိုက် မဖြစ်တာကြောင့် app ၅၉ ခုကို ရာသက်ပန် ပိတ်လိုက်ပါတယ်။ အိန္ဒိယရဲ့ အိုင်တီအက်ဥပဒေ အပိုဒ် ၆၉ (က) အရ ရာသက်ပန်ပိတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ app တွေက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ တည်တံ့မှုကို ထိခိုက်အောင် လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
အခုဆိုရင် အိန္ဒိယမှာ app developer တွေကတော့ အမှုကို ပြန်လည်ထုချေဖို့ ဆောင်ရွက်နေကြပါတယ်။
-စိုးထက်
Ref: GSMArena
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««