TikTok နဲ့ Instagram ဗီဒီယိုအတိုတွေ ရှာဖွေပေးနိုင်မယ့် Google လုပ်ဆောင်ချက်အသစ်

Google ဟာ မိုဘိုင်းထုတ်ကုန်တွေမှာ Google app အတွင်း ကိုယ်ပိုင် carousel ပုံစံနဲ့ Instagram နဲ့ TikTok ဗီဒီယိုအတိုတွေ ရှာပေးမယ့် လုပ်ဆောင်ချက်ကို စမ်းသပ်နေပါတယ်။ Google ဟာ ကိုယ်ပိုင် platform မှာ လူမှုမီဒီယာ ဖျော်ဖြေရေး ရှာဖွေမှုနဲ့ သုံးစွဲသူတွေကို ကာကွယ်ပေးပါမယ်။ အခုလုပ်ဆောင်ချက်ကတော့ ဒီနှစ်အစောပိုင်းမှာ တိုးချဲ့စမ်းသပ်သွားပါမယ်။ Google က Google Discover အတွင်း “Short Vidoes” ဆိုတဲ့ carousel ကိုတော့ ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။ Google Discover ကတော့ Android ထုတ်ကုန်တချို့မှာ home screen ဘယ်ဘက်မှာ ရှိပြီး Google မိုဘိုင်း app မှာဆိုရင်တော့ စိတ်ကြိုက်ပြင်လို့ရတဲ့ feed ဖြစ်တယ်။ “Short Videos” ဆိုတဲ့ အရာက Google ရဲ့ Stories နဲ့လည်း ကွာခြားပါတယ်။ Google Stories ကတော့ iOS နဲ့ Android အတွက် Google Search app ကို ၂၀၂၀ အောက်တိုဘာမှာ ဖြန့်ခဲ့ပါတယ်။

အရင်တုန်းက “AMP Stories” ကိုတော့ “Stories” လို့ပဲ နာမည်ပြောင်းလိုက်ပါတယ်။ Stories ထဲမှာလည်း Forbes, USA Today, Vice, Now This, Bustle, Thrillist နဲ့အခြားမီဒီယာတေတွက ဗီဒီယိုအတိုလေးတွေ ပါဝင်လာပါတယ်။

-စိုးထက်
Ref: TechCrunch

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««