TikTok နဲ့ယှဉ်ပြိုင်နိုင်မယ့် ဝန်ဆောင်မှုကို YouTube လုပ်ဆောင်နေ

YouTube ဟာ TikTok နဲ့ယှဉ်ပြိုင်သွားမယ့် Shorts အမည်ရ ဝန်ဆောင်မှုတစ်ခုကို လုပ်ကိုင်နေပြီး ၂၀၂၀ အကုန်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Shorts ဟာ YouTube app ထဲမှာပဲပါဝင်မယ့် feature ဖြစ်တယ်လို့ The Information ကပြောခဲ့ပါတယ်။ Shorts မှာသုံးစွဲသူတွေက ဖန်တီးလိုက်တဲ့ ဗီဒီယိုအတိုကို တင်နိုင်မယ်လို့ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ် ၂ ခုက ပြောခဲ့ပါတယ်။

Google ပိုင်ဆိုင်တဲ့ YouTube မှာခွင့်ပြုချက်ရထားတာကြောင့် Shorts ကသီချင်းတွေ အားလုံးကို အသုံးပြုနိုင်ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး YouTube ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သုံးစွဲသူက ဗီဒီယိုအတိုလေးတွေ တင်နိုင်တဲ့ လူမှုရေးမီဒီယာ platform TikTook ဟာ ၂၀၁၉ ခုနှစ်မှာ download အများဆုံးလုပ်ကြတဲ့ app ဖြစ်ပြီး download ပြုလုပ်မှု သန်း ၇၀၀ ကျော်ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံရေးသမားတွေက TikTok ဟာတရုတ်အခြေစိုက် ကုမ္ပဏီဖြစ်ပြီး နိုင်ငံလုံခြုံရေးကို ထိပါးနေတယ်လို့ ဝေဖန်ခဲ့ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စိုးထက်
Ref: CNET