TikTok စီအီးအိုဖြစ်လာနိုင်တဲ့ Instagram တည်ထောင်သူ

TikTok နဲ့ Oracle ကတော့ သဘောတူညီမှု ရရှိဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ TikTok ဟာ လစ်လပ်သွားတဲ့ စီအီးအိုရာထူးအတွက် ခန့်အပ်ဖို့လည်း စီစဉ်နေပါတယ်။ အရင်တုန်းက ကီဗင်မေရာကို ခန့်အပ်ခဲ့ပေမယ့် လအနည်းငယ်အကြာ ရာထူးကနေ ထွက်ခွာသွားပါတယ်။

TikTok က ၂၀၁၈ ခုနှစ်က Facebook ကထွက်ခွာသွားပြီး Instagarm တွဲဖက်တည်ထောင်သူ ကီဗင်ဆိုင်စထရွှန်ကို ခန့်အပ်ဖွယ်ရှိပါတယ်။ TikTok နဲ့ ကီဗင်ဆိုင်စထရွှန်အကြား ဆွေးနွေးမှုက အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်လို့ New York Times ကဖော်ပြခဲ့ပါတယ်။

Instagram တွဲဖက်တည်ထောင်သူ ကီဗင်ဆိုင်စထရွှန်ဟာ၂၀၁၂ ခုနှစ်မှာ Instagram ကို ဒေါ်လာ ၁ ဘီလျံနီးပါးနဲ့ ဇူကာဘတ်နဲ့ Facebook ဆီမှာ ရောင်းချခဲ့ပါတယ်။ နောက်ပြီး ကုမ္ပဏီက မထွက်ခွာခင်မှာ Instagram သုံးစွဲသူ ဘီလျံဝက်နီးပါး ရရှိအောင် တည်ဆောက်ပေးခဲ့ပါတယ်။

-စိုးထက်
Ref: Forbes

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««