TikTok ကိုဝယ်ယူဖို့ Twitter ဆွေးနွေးနေ

TikTok ကိုဝယ်ယူမယ့် ကုမ္ပဏီတွေထဲမှာ Twitter လည်း ပါဝင်လာပါတယ်။ Twitter အနေနဲ့ TikTok အမေရိကန်လုပ်ငန်းတွေကို ဝယ်ယူဖို့ အကြိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ The Wall Street Journal ကဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က TikTok ကိုပိတ်ပင်ဖို့ နိုင်ငံတော်အမိန့်စာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်စာက လာမယ့်လမှပဲ အသက်ဝင်မှာ ဖြစ်ပြီး TikTok ကို အမေရိကန်အခြေစိုက် ကုမ္ပဏီတွေဆီ ရောင်းချဖို့ ကာလတစ်ခုပေးထားတာ ဖြစ်ပါတယ်။

Microsoft, Apple, Google နဲ့ Facebook တို့ကလည်း TikTok ကိုဝယ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ Microsoft ကလည်း TikTok ကိုဝယ်ယူဖို့ ဆွေးနွေးခဲ့ပါတယ်။

ထရမ့်နဲ့ အခြားသူတွေကတော့ TikTok ဟာ နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ပြီး အမေရိကန်သုံးစွဲသူ အချက်အလက်ကို စုဆောင်းနေပါတယ်။ TikTok မိခင်ကုမ္ပဏီ ByteDannce ကလည်း တရုတ်ကွန်မြူနစ်အစိုးရရဲ့ ဆက်နွှယ်မှုရှိတယ်လို့ ရှုမြင်ခံထားရပါတယ်။ ByteDance ကတော့ app ဟာ ခြိမ်းခြောက်မှုမရှိဘူးလို့ ပြောထားပါတယ်။

Twitter အနေနဲ့ TikTok ကိုဝယ်ယူမလားဆိုတာ မသိသေးဘူးလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး WSJ ကပြောထားပါတယ်။ Microsoft ကလည်း ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်။ Microsoft ထက်သေးငယ်တဲ့ Twitter အနေနဲ့ app ကိုဝယ်ယူဖို့ ငွေကြေးပိုင်းလည်း ခက်ခဲနိုင်ပါတယ်။

Microsoft နဲ့ TikTok သဘောတူညီချက်က ဒေါ်လာ ၁၀ဘီလျံနဲ့ ဒေါ်လာ ဘီလျံ ၃၀ အကြား ရှိမယ်လို့ CNBC ကခန့်မှန်းခဲ့ပါတယ်။ Twitter ရဲ့ ဈေးကွက်ရင်းနှီးငွေက ဒေါ်လာ ၂၉ ဘီလျံပဲရှိကာ Microsoft ကတော့ ဒေါ်လာ ၁.၆ ထရီလီယံအထိ ရှိတယ်လို့ WSJ က မှတ်ချက်ပြုခဲ့ပါတယ်။

-စိုးထက်
Ref: CNET