TikTok ကိုဝယ်ယူဖို့ Oracle သဘောတူညီမှုရရှိ

Oracle ကုမ္ပဏီဟာ TikTok ကိုဝယ်ယူဖို့ ပိုင်ရှင် ByteDance နဲ့သဘောတူညီမှု ရရှိထားတယ်လို့ အတည်ပြုခဲ့ပါတယ်။ ထရမ့်အစိုးရဟာ အမေရိကန်က TikTok လုပ်ငန်းကို ရောင်းချဖို့ ညွှန်ကြားထားပြီး ရက်သတ္တပတ် အတော်ကြာမှာ သဘောတူညီချက် တစ်ခု ရရှိခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ကို အမေရိကန်အစိုးရ ထောက်ခံပေးဖို့ လိုအပ်နေပါသေးတယ်။

“ဒီပိတ်ရက်အတွင်း ByteDance က ဘဏ္ဍာဌာနဆီ တင်သွင်းထားတဲ့ အဆိုပြုချက် တစ်စိတ်တစ်ပိုင်း ဝန်ကြီး စတိဗ်မန်နူချင် ထုတ်ပြန်ချက်ကို Oracle ကအတည်ပြုပါတယ်။ အဆိုပြုချက်အရ Oracle က ယုံကြည်ရတဲ့ နည်းပညာထောက်ပံ့သူ အဖြစ် တာဝန်ထမ်းဆောင်သွားပါမယ်” လို့ Oracle ကထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ဒီတစ်ပတ်အတွင်း သဘောတူညီချက်ကို ပြန်လည်သုံးသပ်ဖို့ စီစဉ်ထားတယ်လို့ မန်နူချင်က ပြောခဲ့ပါတယ်။ အမေရိကန်တွေရဲ့ တစ်ကိုယ်ရေ အချက်အလက်တွေ တရုတ်အစိုးရနဲ့ ဝေမျှမှုအပေါ် စိုးရိမ်ကြောင်း ကိုးကားပြောကြားပြီး ByteDance အနေနဲ့ အမေရိကန်မှာ TikTok ကိုရောင်းချမယ့် အစီအစဉ်ကို သတ်မှတ်ချက် စက်တင်ဘ ၂၀ မှာ ကြေညာဖို့ ဒါမှမဟုတ်ပါက စက်တင်ဘာ ၂၉ ရက်မှာ ပိတ်ပင်ခံရမယ်လို့ အိမ်ဖြူတော်က ရည်ညွှန်းပြောခဲ့ပါတယ်။

သဘောတူညီချက်က နိုဝင်ဘာ ၁၂ ရက်မှာ ပြီးဆုံးပါမယ်။ တရုတ်အစိုးရက သုံးစွဲသူ အချက်အလက်ကို ထိခွင့်မရှိဘူးလို့ TikTok ကပြောခဲ့ပါတယ်။

-စိုးထက်
Ref: NBC

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««