TikTok ကိုယှဉ်ပြိုင်မယ့် Reels ကို Instagram မိတ်ဆက်

Instagram ဟာ ၁၅စက္ကန့်စာ ဗီဒီယို ရိုက်ကူးပြီး အသံနဲ့ effect အပြင် ဖန်တီးမှုဆိုင်ရာ tool တွေပါဝင်တဲ့ Reels လုပ်ဆောင်ချက်ကို မိတ်ဆက်လိုက်ပါတယ်။

Instagram အနေနဲ့ အလွန်ကျော်ကြားတဲ့ TikTok ကိုယှဉ်ပြိုင်ကို Reels ကိုဖြန့်ချိလိုက်တာပါ။ Instagram Camera ထဲမှာ Reels ကိုထည့်သွင်းထားပြီး ဒီဇိုင်းပြောင်းလဲထားတဲ့ interface ကိုတွေ့ရပါမယ်။ အဲဒီမှာ အသံထည့်သွင်းတာ၊ AR Effects, Timer နဲ့ အကမျိုးစုံအတွက် countdown စတဲ့ tool တွေကို တွေ့ရပါမယ်။

Reels ကို ဝေမျှတဲ့ပုံစံ post ဒါမှမဟုတ် Live ဗီဒီယိုတွေကို ဝေမျှတဲ့နည်းလမ်းနဲ့တူပါတယ်။ သုံးစွဲသူက Reels ဗီဒီယိုရဲ့ privacy setting တွေကို ပြောင်းလဲနိုင်ပါတယ်။

ဓာတ်ပုံဒါမှမဟုတ် ဗီဒီယိုကြည့်သလိုပဲ Reels ကိုကြည့်နိုင်ပါတယ်။ Feed ဒါမှမဟုတ် Discover tab အတွင်းမှာ Reel တစ်ခုပေါ်လာပါမယ်။ Instagram ကတော့ ဖျော်ဖြေရေးနဲ့ လှုံ့ဆော်မှုပေးမယ့် မူလ content တွေကို ပြသဖို့ Featured အဖြစ် သတ်မှတ်ပြီး reel ဗီဒီယိုကို ပြသပါမယ်။

Instagram အနေနဲ့ Reels ကို အမေရိကန်၊ ယူကေ၊ အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျ၊ ပြင်သစ်နဲ့ ဂျာမနီတို့မှာ ဖြန့်ချိထားပါတယ်။

-စိုးထက်
Ref: GSMArena