TikTok ကိုပြိုင်ဆိုင်မယ့် YouTube Shorts

YouTube ကလည်း TikTok ကိုပြိုင်ဆိုင်ဖို့ Instagram ရဲ့ Reels လိုပဲ YouTube Shorts အမည်ရ ဗီဒီယိုအတိုဖန်တီးနိုင်တဲ့ app ကို ဖြန့်ချိလိုက်ပါတယ်။ YouTube အနေနဲ့ TikTok ပရိသတ်တွေအပေါ် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

YouTube Shorts ကို အိန္ဒိယနိုင်ငံမှာ beta အဖြစ် စတင်ဖြန့်ချိလိုက်ပါတယ်။ TikTok လိုပဲ Shorts က သီချင်းတွေနဲ့ ၁၅ စက္ကန့် ဗီဒီယိုကို ဖန်တီးနိုင်ပါတယ်။ သီချင်းတွေကိုလည်း “in-product music picker feature” နဲ့ ထောက်ပံ့ထားတယ်လို့ YouTube ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်ထဲမှာ သီချင်းပေါင်း ၁၀၀,၀၀၀ ပါဝင်ပြီး သီချင်းကဏ္ဍကို ဆက်လက်တိုးချဲ့ဖို့ အဆိုတော်၊ လေဘယ်နဲ့ ထုတ်ဝေသူတွေနဲ့ လုပ်ကိုင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Shorts မှာတော့ ဗီဒီယိုတွေရိုက်ကူးဖို့ homepage ထဲ ထည့်သွင်းထားပါတယ်။ YouTube က Shorts လုပ်ဆောင်ချက်အသစ်ကို လူများစွာ အသုံးပြုစေချင်ပါတယ်။ Shorts app ထဲမှာ အထင်ရှားဆုံး လုပ်ဆောင်ချက်ကတော့ “creat” icon ပဲဖြစ်ပါတယ်။ “creat” icon ကတော့ Android က Shorts beta ဗားရှင်းမှာ ပါဝင်ပေမယ့် မကြာခင် iOS အတွက် ဖြန့်ချိသွားပါမယ်။

စိုးထက်

Ref: TheVerge