TikTok ကိုပြိုင်ဆိုင်မယ့် Snapchat ရဲ့ Spotlight

Snap ဟာ TikTok နဲ့ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီး ဗီဒီယိုဖန်တီးသူတွေကိုလည်း ငွေကြေးထောက်ပံ့သွားပါမယ်။

Snap ဟာ Spotlight အမည်ရ ကဏ္ဍကို Snapcat ထဲ ထည့်သွင်းခဲ့ပါတယ်။ Spotlight ဟာ ဟာသဗီဒီယိုနဲ့ နေ့စဉ်ဘဝပုံစံ ဗီဒီယိုအတိုလေးတွေ ဖော်ပြပေးပါမယ်။
လူတွေ အစဉ်အမြဲ post တင်ဖို့ Snap ဟာ ၂၀၂၀ အကုန်အထိ နေ့စဉ် app ပေါ်က နာမည်ကျော် ဗီဒီယိုဖန်တီးသူတွေ အတွက် ငွေကြေး ဒေါ်လာတစ်သန်း ခွဲဝေထောက်ပံ့သွားပါမယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က ပေါက်ဗီဒီယိုတင်ရင် ဒေါ်လာတစ်သန်းထဲ အစိတ်အပိုင်း ရရှိပါမယ်။ ပေါက်ဗီဒီယိုတင်သူမှာ subscriber အများကြီးလည်း ရှိစရာမလိုပါဘူး။

Spotlight ကိုတော့ Snapchat ထဲမှာ ထည့်သွင်းပါတယ်။ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီနဲ့ ဩစတြေးလျ အပါအဝင် နိုင်ငံပေါင်း ၁၁ ခုမှာ ဖြန့်ချိထားပါတယ်။ အဲဒီထဲမှာ မြင်ရမယ့် ဗီဒီယိုတွေက စက္ကန့် ၆၀ ထက် မပိုသလို ရေစာလည် ထည့်သွင်းလို့ မရပါဘူး။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««