Tiger Lake ပရိုဆက်ဆာတွေပါဝင်တဲ့ Dell XPS 13 နဲ့ XPS 13 2-in-1

Dell ကတော့ အဆင့်မြှင့်တင်ထားတဲ့ XPS 13 နဲ့ XPS 13 2-in-1 တို့ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ laptop တွေမှာ Intel ရဲ့ ၁၁ ခုမြောက်မျိုးဆက် Tiger Lake ပရိုဆက်ဆာတွေပါဝင်ပြီး အမေရိကန်နဲ့ ကနေဒါမှာ အောက်တိုဘာ ၁ ရက်မှာ စတင်ရောင်းချပါမယ်။ XPS 13 ကတော့ ၉၉၉ ဒေါ်လာကျသင့်ပြီး XPS 13 2-in-1 ကတော့ ဒေါ်လာ ၁,၂၄၉ ကျသင့်ပါမယ်။

ဒီလအစောပိုင်း Intel ရဲ့ Tiger Lake မိတ်ဆက်ပွဲမှာ XPS laptop မှာ မိတ်ဆက်ခဲ့ပါတယ်။ XPS 13 laptop တွေမှာ LPDDR4x 4,267MHz ပါဝင်ပြီး Thunderbolt 4 နဲ့ Intel ရဲ့ Xe ပေါင်းစပ် graphics တို့ ပါဝင်လာပါတယ်။ XPS 13 2-in-1 ရဲ့ scree-to-body အချိုးကတော့ အရင်မော်ဒယ်ထက် ၇ ရာခိုင်နှုန်း ကြီးမားလာပါတယ်။ Dell က XPS 13 “developer edition” ကိုမိတ်ဆက်ခဲ့ပါသေးတယ်။ အဲဒီထုတ်ကုန်ကတော့ Linux အခြေခံ ထုတ်ကုန်ဖြစ်ပြီး Ubuntu 20.04 LTS ပါဝင်လာပါတယ်။

Dell က XPS 13 ပိုင်ဆိုင်သူတိုင်း Ubuntu 20.04 LTS ကို download လုပ်နိုင်အောင် ခွင့်ပြုပေးထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««