Thriving Digitally into A Mobile Future” အွန်လိုင်းဟောပြောပွဲပြုလုပ်ခဲ့

HUAWEI CONNECT 2020 ရဲ့ New Value Together ခေါင်းစဉ်အောက်မှ “Thriving Digitally into A Mobile Future” အွန်လိုင်းဟောပြောပွဲကို အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်လောက်က ဘဏ်ခွဲတွေ၊ ATM တွေ အရမ်းမများသေးတဲ့ အပြင် အရွယ်ရောက်ပြီးသားလူဦးရေတွေထဲကမှ ၄၀ ရာခိုင်နှုန်းလောက်မှာပဲ ဘဏ်အကောင့်ရှိကြပါတယ်။ ဒါပေမဲ့ မိုဘိုင်းဖုန်း သုံးစွဲသူဦးရေကတော့ ၁၀၀% နီးပါးရှိတယ်။ မြန်မာနိုင်ငံဟာ အင်တာနက်သုံးစွဲခ အရမ်းသက်သာတဲ့ ကမ္ဘာ့နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာပြီး မြို့ပြတွေမှာ ဒေါင်းလုတ်ဆွဲတဲ့နှုန်းဟာလည်း စင်္ကာပူနိုင်ငံထက် နှစ်ဆဖြစ်လာပါတယ်။ ဒီအားသာချက်တွေနဲ့ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်လာဖို့ ကျွန်တော်တို့က ဒေတာတွေ အလိုအလျောက် တွက်ချက်လေ့လာပေးတဲ့ ML နဲ့ AI ဝန်ဆောင်မှုအသစ်တစ်ခု အဖြစ် ဖုန်းတစ်လုံးရှိရုံနဲ့ စာရွက်စာတမ်းမလို လက်ဗွေရာနဲ့ ၂၄ နာရီ၊ ရက်သတ္တပတ်လုံး ချက်ချင်းအသုံးပြုနိုင်မယ့် နိုင်ငံတကာ အဆင့်မီ mobile wallet တစ်ခု အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလို အလုံးစုံ စနစ်တွေကို ပံ့ပိုးပေးနိုင်မယ့် ကမ္ဘာ့နည်းပညာ နယ်ပယ်ကို ဦးဆောင်နေသူတစ်ဦး ဖြစ်တဲ့ Huawei နဲ့အတူ လက်တွဲခဲ့ပါတယ်။ ဒီပူးပေါင်းမှုကနေ ရလာတဲ့ ရလဒ်တွေကတော့ ကျေနပ်အားရစရာပါပဲ” လို့ KBZ ဘဏ်၏စီအီးအိုဖြစ်သူ Mr. Michael က အဆိုပါအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အွန်လိုင်းဟောပြောပွဲတွင် အဓိကအားဖြင့် မိုဘိုင်းငွေပေးချေမှုစနစ်၏ အရေးပါပုံကို ဦးစားပေး ဖော်ပြခဲ့ပြီး ဟောပြောသူတွေက ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ ကွဲပြားတဲ့ နေရာများမှာ ဖြစ်ပေါ်လာခဲ့တဲ့ ပြောင်းလဲမှုတွေကို ပြောကြားခဲ့ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««