Third-party cookies ကိုပိတ်ပင်ဖို့ Safari ကို Apple အဆင့်မြှင့်

Apple ဟာ Saffar က third-party cookies တွေကို ပိတ်ပင်သွားမယ်လို့ Apple WebKit အင်ဂျင်နီယာ ဂျွန်ဝီလန်ဒါက ကြေညာခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးထွက်ပေါ်လာတဲ့ Safari က Tor လိုမျိုး third-party cookies တွေပိတ်ပင်သွားပမယ်။

Google ကလည်း ၂ နှစ်အတွင်း အလားတူ လုပ်ဆောင်ချက်ကို ထည့်သွင်းဖို့ လုပ်ကိုင်နေတယ်လို့ ဒီနှစ်အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Cookies တွေဆို ဝက်ဘ်ဆိုက်ပေါ်မှာ သုံးစွဲသူရဲ့ အမူအကျင့်ကို ခြေရာခံတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ နှစ်အနည်းငယ်အတွင်း cookies တွေက အွန်လိုင်းကနေ အချက်အလက်ဘယ်လောက် စုဆောင်းနေလဲဆိုတာ စစ်ဆေးနေကြပါတယ်။ Third-party cookies တွေကို လူမှုရေးမီဒီယာနဲ့ ကြော်ငြာကုမ္ပဏီတွေက မကြာခဏ အသုံးပြုလာကြပါတယ်။ အခု Safari update အသစ်ကတော့ cookies ကိုစီမံဖို့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။

Apple အနေနဲ့ အပြောင်းအလဲကို ဖော်ဆောင်ဖို့ Worldwide Web Consortium လိုမျိုး တစ်ကိုယ်ရေအချက်အလက် အလေးထားတဲ့ အုပ်စုတွေဆီ ပြန်လည် ဆွေးနွေးသွားမယ်လို့ ဝီလန်ဒါကပြောခဲ့ပါတယ်။

-စိုးထက်
Ref: CNET