Third-party app တွေ မသုံးဘဲ Instagram က ဓာတ်ပုံတွေကို ဖုန်းထဲဘယ်လို Download လုပ်မလဲ

Instagram မှာ ဓာတ်ပုံတွေကို Download လုပ်နိုင်ဖို့အတွက် သီးခြားလုပ်ဆောင်ချက်အနေနဲ့ ပါဝင်ခြင်း မရှိပါဘူး။ ဒါကြောင့် Third-party app တွေကို သုံးကာ ဓာတ်ပုံတွေကို Download ပြုလုပ်ရပါတယ်။ Third-party app တွေက ကိုယ့်အကောင့်လုံခြုံရးအတွက် အပြည့်အဝ အာမခံချက် မပေးနိုင်ပါဘူး။ အဲဒါကြောင့် Third-party app တွေမသုံးဘဲ Instagram က ဓာတ်ပုံတွေကို Download ရယူ နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းက Instagram က ဓာတ်ပုံတွေသာမကဘဲ ဗီဒီယိုတွေကိုပါ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံးဖုန်းထဲက Insta-gram app ကို ဖွင့်လိုက်ပါ။

ပြီးရင်တော့ မိမိအနေနဲ့ Download လုပ်ချင်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုကို ရှာပါ။

မိမိ Download လုပ်ချင်တဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုကိုတွေ့ရင်တော့ ဓာတ်ပုံ/ဗီဒီယိုရဲ့ ညာဘက်ထောင့်နားက အစက်သုံးခု ဆင့်ထားတဲ့ menu icon ကိုနှိပ်ပါ။

Menu icon ကိုနှိပ်လိုက်ရင်တော့ အဖြူရောင်ဘောက်တစ်ခု ပေါ်လာမှာဖြစ်ပြီး အဲဒီဘောက်ထဲက Copy Link ဆိုတာကို နှိပ်ပါ။

ပြီးရင်တော့ ဖုန်းရဲ့ Browser app ကနေ DownloadGram ဆိုတာကို ရိုက်ရှာလိုက်ပါ။ ပြီးရင်တော့ ပေါ်လာတဲ့ Link ကို နှိပ်ပြီး DownloadGram ရဲ့ ဝက်ဘ်ဆိုက်ကို သွားလိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာရင်တော့ အနီနဲ့ဝိုင်းပြထားတဲ့ အကွက်ရှည်ထဲမှာ စောစောက copy လုပ်ထားတဲ့ Link ကို ထည့်ပေးရမှာဖြစ်ပါ တယ်။ ပြီးရင်တော့ သူ့အောက်ဘက်က Download ဆိုတာကို နှိပ်ပြီး ဖုန်းထဲကို Download ပြုလုပ်ရမှာဖြစ်ပါတယ်။ (Link ထည့်ဖို့အတွက် အပေါ်ကအကွက်လွတ် ကို Paste ဆိုတဲ့ စာသားပေါ်လာတဲ့အထိ စက္ကန့်အနည်းငယ် ဖိထားပါ။ ပြီးရင်တော့ Paste ကို နှိပ်လိုက်ပါ။ ပြီးမှ Download ကို နှိပ်ပါ။)

Download ကို နှိပ်လိုက်ရင်တော့ အောက်ကပုံထဲကအတိုင်း Download Image ဆိုတဲ့ ခလုတ်တစ်ခု ပေါ်လာမှာဖြစ်ပြီး အဲဒီခလုတ် ထပ်နှိပ်ပြီး Download လုပ်ရမှာဖြစ်ပါတယ်။

အဲဒါဆိုရင် ဖုန်းထဲကို Instagram ထဲက ဓာတ်ပုံ/ဗီဒီယိုတွေကို Third-party app မသုံးဘဲ အလွယ်တကူ Download ပြုလုပ်နိုင်ပြီပဲဖြစ်ပါတယ်။

– ရဲထွဋ်ဝင်း