The Verge ရဲ့ တစ်နှစ်တာ စိတ်ကြိုက် gadget များ

The Verge နည်းပညာ ဝက်ဘ်ဆိုက်ကတော့ YouTube channel ပေါ်မှာ https://www.youtube.com/user/TheVerge ထုတ်ကုန်ရာပေါင်းများစွာ အကြောင်း ဖော်ပြထားပါတယ်။ အခု ဖော်ပြပေးမယ့် gadget တွေကတော့ The Verge ဝက်ဘ်ဆိုက်ဝန်ထမ်းတွေ နှစ်သက်ကြတဲ့ ထုတ်ကုန်တွေပါ။

Samsung Galaxy Buds Live

Galaxy Buds Live ကတော့ ပြီးပြည့်စုံတဲ့ ထုတ်ကုန်တော့ မဟုတ်ပါဘူး။ လိုအပ်ချက်နဲ့အညီ အံဝင်ခွင်ကျ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က စက်ဘီးစီးရင်း နားကြပ်တပ်တတ်လို့ပါ။ နားကြပ်က အရမ်းလည်း မကြီးသလို စက်ဘီးစီး၊ ဦးထုပ်နဲ့ ငြိဖို့ ညှာတံလည်း မပါပါဘူး။ ပတ်ဝန်းကျင်အသံတွေကိုလည်း လုံးဝ မပိတ်ထားဘူး။ သီချင်းအဆုံးမှာ ကားအသွားအလာသံတွေ ကြားရတယ်။ နားကြပ်ရဲ့ လေထုအသံဟပေးထားတဲ့ ဒီဇိုင်းက အပြုသဘောဆောင်ပါတယ်။ USB-C port နဲ့ ကြိုးမဲ့အားသွင်းစနစ်လည်း ပါတယ်လေ။

-ဂျွန်ပေါ်တာ (သတင်းထောက်)

Oculus Quest 2

Oculus Quest 2 ဟာ platform တစ်ခုအဖြစ် အကြီးအကျယ် ညှိနှိုင်းထားပါတယ်။ Gadget ပစ္စည်းအနေနဲ့ ယှဉ်ဖို့ မလွယ်ပါဘူး။ Quest 2 ဟာ ပထမဆုံး လူသုံးကုန် VR ထုတ်ကုန် ဖြစ်တယ်။ ကြိုးတွေ မလိုဘဲ အသုံးပြုနိုင်ပြီး laptop မှာ ပလပ်ထိုးလိုက်တာနဲ့ ဂိမ်းအမြင့်တွေ ကစားနိုင်တယ်။ ခေါင်းမှာ ဝတ်ထားတဲ့ အခါမှာလည်း နာကျင်မှု မရှိပါဘူး။

-အဒီရောဘတ်ဆန် (အကြီးတန်းသတင်းထောက်)

Peloton Bike

Peloton စက်ဘီးကို သုံးသပ်ချက်ရေးရတာက အတော်ဆိုးတဲ့နှစ်အတွင်းက ကောင်းကွက်လေး တစ်ခုပဲ။ အခုထိ စမ်းသပ်ပြီး သုံးသပ်ချက်ရေးဖို့ လုပ်နေတုန်းပဲ။ အားနည်းချက် သေးသေးလေးတွေ ရှိပေမယ့် သီချင်းနားထောင်ပြီး လေ့ကျင့်ခန်းလုပ်တာက ၂၀၂၀ ရဲ့စိတ်ပျက်မှုတွေကို ပြေပျောက်စေတယ်။ စက်ဘီးက ဒေါ်လာ ၂,၅၀၀ နီးပါး ကျသင့်ပြီး လစဉ်ကြေး ဒေါ်လာ ၄၀ သွင်းရတယ်။ ဈေးတော့ အတော်ကြီးနေတယ်။

-အက်ရှလေကာမန် (အကြီးတန်းသတင်းထောက်)

PlayStation 5

PS5 ကတော့ ဒီနှစ်ထဲက မျှော်နေကြတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ PS5 ဂိမ်းစက်က မျှော်မှန်းချက်နဲ့လည်း ကိုက်ညီပါတယ်။ ဒါပေမဲ့ storage ကိစ္စကိုတော့ ပူပန်မိတယ်။ PS5 ဟာ Xbox Series X ထက် ပိုမိုခိုင်မာစွာ ပွဲထွက်လာတယ်။ DualSense ကလည်း နှစ်အနည်းငယ်အတွင်း ဆန်းစစ်တီထွင်မှု အရှိဆုံး ဂိမ်းခလုတ် ဖြစ်ပါတယ်။

-တေလာလိုင် (စာရေးသူ)

Dell XPS 13 2-in-1

Dell XPS 13 2-in-1 မှာတော့ ပြန့်ပြူးတဲ့ keyboard ပါဝင်ပေမယ့် USB-A port တွေမပါဝင်ပါဘူး။ XPS 13 ဟာ 2-in-1 laptop ဖြစ်ပါတယ်။ Laptop တည်ဆောက်မှုက အလွန်အရေးပါပြီး touchpad ကလည်း သက်သောင့်သက်သာ ရှိကာ မျက်နှာပြင်အချိုးက 16:10 ဖြစ်တယ်။

-မိုနီကာချင် (သတင်းထောက်)

DJI Mini 2

DJI ရဲ့ Mini 2 ဒရုန်းကတော့ ဘက်စုံသုံး ထုတ်ကုန်တော့ မဟုတ်ပါဘူး။ Mini 2 မှာ အတားအဆီးတွေကို ရှောင်နိုင်မယ့် sensor မပါဝင်ပါဘူး။ ဓာတ်ပုံ sensor ကလည်း သေးပြီး 12MP ပဲရိုက်ကူးနိုင်ပါတယ်။ ဒါပေမဲ့ 12MP ဓာတ်ပုံတွေက အရောင်တောက်ပြီး dynamic range လည်းကောင်းတယ်။ ဗီဒီယိုရုပ်ထွက်ပိုင်းတွေကလည်း ကြွပ်ရွနေပါတယ်။

-ဗီဂျရမ်ပါဗစ် (အကြီးတန်းဒါရိုက်တာ)

iPhone 12 Mini

iPhone 12 mini ကတော့ အကောင်းဆုံး iPhone 12 မော်ဒယ်တစ်ခုတော့ မဟုတ်ပါဘူး။ iPhone 12 mini ကိုသဘောကျရတဲ့ အကြောင်းက ဖုန်းက သေးငယ်ပြီး အရေးပါတဲ့ လုပ်ဆောင်ချက်တွေလည်း ပါပါတယ်။ ပုံမှန်အတိုင်း ဖုန်းအသေးလေးတွေက မရှိသလောက်ပါပဲ။ iPhone 12 mini အားနည်းချက်က‌ ဘက်ထရီပါပဲ။ ကိုယ် ဖုန်းအသုံးပြုတဲ့ပုံစံက iPhone 12 mini နဲ့ကိုက်ညီမှု ရှိ၊ မရှိ စဉ်းစားပြီး ဝယ်ယူသင့်ပါတယ်။

-ဒိုင်တာဘို (အမှုဆောင်အယ်ဒီတာ)

Instax SQ1

Fujifilm ကတော့ Instax SQ1 ထဲအခြေခံလုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။ ကင်မရာမှာ screen မပါဘဲ mode ၂ မျိုးပဲ ပါဝင်ပါတယ်။ ကင်မရာ lens ကိုအဖွင့်၊ အပိတ်လုပ်ပြီး ရိုက်လို့ရပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၁၂၀ ဖြစ်ပြီး ကင်မရာထက် အရုပ်နဲ့ ပိုတူပါတယ်။ ဖန်တီးအားကောင်းပြီး ပျော်စရာကောင်းတဲ့ ပုံတွေရိုက်နိုင်ပါတယ်။

-ဘက်ကာဖာဆေ့ (အကြီးတန်းဒါရိုက်တာ)

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««