The University of Western Australia ၏ ပညာသင်ဆုများကို ၂ဝ၂၁ ခုနှစ်အတွက် စတင်လျှောက်ထားနိုင်

Group of Eight အဖွဲ့ဝင် The University of Western Australia (UWA) ရဲ့ ပညာသင်ဆုတွေကို ၂ဝ၂၁ ခုနှစ်အတွက် စတင်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

AUD 10000 နဲ့ ညီမျှတဲ့ ပညာသင်ဆုတွေကိုပေးအပ်မှာ ဖြစ်ပြီး မြန်မာဆယ်တန်း၊ GCE O’ level ပြီးထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ UWA Foundation Program (UWAFP) ကို တိုက်ရိုက် တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ CROWN Education & Royal Academic Institute ကနေ American Grade 12 Program (GAC) သို့မဟုတ် Canada Grade 12 Program (OSSD) ပြီးထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဆိုရင်တော့ UWAရဲ့ Diploma Program တွေကနေ တက်ရောက်သင်ကြားခွင့် ရရှိမှာဖြစ်ပြီး AUD 10000 နဲ့ညီမျှတဲ့ (မြန်မာငွေကျပ် သိန်း (၁ဝဝ) ကျော်) UWA ပညာသင်ဆုတွေကိုတော့ UWA Foundation Program (UWAFP), Diploma of Commerce, Diploma of Science ပရိုဂရမ်တွေအတွက် ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ CROWN Education ရဲ့ ဖုန်း – ၀၉၄၄၅၅၆၆၇၀၁ ~ ၂, ၀၉၉ ၇၇ ၉၇၇၂၀၀ သို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««