The Occupation

[ Zawgyi ]

အခုတစ္ပတ္ မိ္တ္ဆက္ေပးခ်င္တဲ့ ဂိမ္းကတိုက္ခိုက္ေရး ဂိမ္းေတြ၊ စြန႔္စားခန္းဂိမ္းေတြနဲ႔ စာရင္ေတာ့ နည္းနည္းေအးပါတယ္၊ ဇာတ္ေကာင္ေတြ အမ်ားႀကီးမပါဘူး၊ အသံဖန္တီးမွုကအစ ၿငိမ္ၿငိမ္ေလး၊ ဘာေၾကာင့္လဲဆိုေတာ့ ကစားသူ ၀င္ေရာက္ကစားရမယ့္ ဇာတ္ေကာင္ ကိုယ္တိုင္က တိတ္တဆိတ္ သြားလာၿပီး လိုအပ္တာေတြ ရွာေဖြ၊ ဆက္လက္ ရွင္သန္နိုင္ေအာင္ ႀကိဳးစား၊ ေနာက္ဆုံးမွာ ဂိမ္းကိုအနိုင္ရေအာင္ ကစားရမယ့္ ဂိမ္းျဖစ္လို႔ပါ။

PS4 နဲ႔ Xbox One အပါအဝင္ PC ေတြနဲ႔ကအစ ကစားနိုင္ေအာင္ ဖန္တီးထားေပမယ့္ အားနည္းခ်က္တစ္ခုအေနနဲ႔က Single အေနနဲ႔ပဲ ကစားနိုင္တာပါ။ အရင္က Ether One ဂိမ္းကစား ဖူးသူေတြအတြက္ေတာ့ ကစားပုံခ်င္းဆင္လို႔ အဆင္ေျပမွာပါ။ ၁၉၈၇ ခုႏွစ္အခ်ိန္ကို ဇာတ္အိမ္တည္ထားတယ္၊ ကစားသူက လၽွို႔ဝွက္စုံေထာက္ ပုံစံသတင္း ေထာက္တစ္ေယာက္အေနနဲ႔
မိမိလိုအပ္တဲ့အခ်က္အလက္ေတြကို ရယူနိုင္ေအာင္ ႀကိဳးစားရမွာပါ။

Stealth ဆိုတဲ့ သူခိုးဂိမ္းလို႔ဆိုရင္ မမွားပါဘူး။ ဒါေပမဲ့အခုက ပစၥည္းေတြခိုးရမွာ မဟုတ္ဘူး၊ အခ်က္အလက္ေတြ ခိုးရမယ္၊ ၿပီးေတာ့ ကစားသူက သူခိုးလည္းမဟုတ္ဘူး။ သတင္းေထာက္အေနနဲ႔ မိမိလိုအပ္တဲ့ အခ်က္အလက္ေတြကို ေစလႊတ္တဲ့ ႐ုံးခန္းေတြ၊ လုံျခဳံေရး တင္းက်ပ္ထားတဲ့ အခန္းေတြထဲကေန ရရွိေအာင္ ခိုးယူရမွာ ျဖစ္ပါတယ္။ ဂိမ္းရဲ့ သေဘာအရ တိုက္ခိုက္ေရး လုံးဝမပါဘဲ လိုအပ္တဲ့ေနရာကို ကစားသူက ၀င္ေရာက္တယ္၊ အခ်က္အလက္ခိုးယူတယ္၊ ျပန္ထြက္တယ္၊ အားလုံးကို လုံၿခံဳေရးေတြ မသိေအာင္ လုပ္ေဆာင္နိုင္မွ အနိုင္ရမွာ ျဖစ္ပါတယ္။ တစ္ဖက္က လုံၿခံဳေရး ၀န္ထမ္းေတြမွာလည္း ေစာင့္ၾကည့္မွုေတြ၊ အခ်က္ျပစနစ္ေတြ၊ ဖြက္ထားမွုေတြ ရွိေနေတာ့ အခက္အခဲၾကားကေန အနိုင္ရေအာင္ ကစားရမွာပါ။

အခုဂိမ္းမွာ ထူးျခားခ်က္တစ္ခုက တျခားသူခိုးဂိမ္းေတြမွာလို အသက္ ဒါမွမဟုတ္ စြမ္းအင္လက္က်န္ ျပသမွု စနစ္ေတြ မပါဘဲအခ်ိန္နဲ႔ ဆက္လက္ ရွင္သန္နိုင္ေအာင္ ကစားရမွာပါ။ ကစားသူဇာတ္ေကာင္မွာ လက္ပတ္နာရီပါမယ္၊ အခန္းတစ္ခန္း အဆင့္တစ္ဆင့္တိုင္း အခ်ိန္ ၁၅ မိနစ္အတြင္း လိုအပ္တဲ့ အခ်က္အလက္ကိုရေအာင္ ယူနိုင္ရမယ္၊ မိမိရဲ့ အသက္လက္က်န္ဟာ မိမိရဲ့ နာရီမွာရွိေနမယ္၊ ဒါေၾကာင့္ အခ်ိန္ကို အမွတ္တရ ၾကည့္ဖို႔လည္းလိုမယ္၊ အခ်ိန္ နည္းလာေလေလ အာ႐ုံစိုက္ၿပီး အနိုင္ရေအာင္ ကစားဖို႔ လိုအပ္လာေလ
ေလ ျဖစ္မွာပါ။ အဆင့္ေပါင္းမ်ား စြာကစားရမွာ ျဖစ္ေပမယ့္ အဆင့္ ၁ ၿပီးရင္ ၂၊ ၂ ၿပီးရင္ ၃ ပုံစံ မဟုတ္ဘဲ မိမိလိုခ်င္တဲ့ အခ်က္အလက္စုံေအာင္ ရယူရမွာျဖစ္လို႔ တစ္ခန္းၿပီးတိုင္း အဆင့္ ၁ကို နိုင္ၿပီးလို႔ အဆင့္ ရ ကို ၀င္ကစားခ်င္ရင္လည္းရမယ္၊ ဒါေပမဲ့အဆင့္ ၂ ကေတာ့ ေနာက္ပိုင္း ဆက္ကစားရမယ့္ သေဘာပါ။

Develop: Star Awards ဆုကိုေတာင္ ရထားတဲ့ အခုဂိမ္းက ႐ုပ္ထြက္နဲ႔ ဇာတ္လမ္းသြားဖန္တီးမွု အထူးေကာင္းမြန္ လွပါတယ္။ လက္ေတြ႕ဆန္ဆန္ ျမင္ကြင္းအတိုင္း မိမိကသြားလာ ကစားရမွာျဖစ္ၿပီး အခက္အခဲနဲ႔ ပတ္ဝန္းက်င္အားလုံးက လက္ေတြ႕အတိုင္းနီးပါးျဖစ္လို႔ သေဘာက်မိပါတယ္။ တစ္ခန္းကို ၁၅ မိနစ္နဲ႔ အခန္းေပါင္း မ်ားစြာ ေက်ာ္ျဖတ္အနိုင္ရယူမယ့္ အခုဂိမ္းက တစ္ေယာက္တည္း Gamer ေတြ စိတ္ႀကိဳက္ျဖစ္မယ့္ ဂိမ္းပါပဲ။

[ Unicode ]

အခုတစ်ပတ် မိ်တ်ဆက်ပေးချင်တဲ့ ဂိမ်းကတိုက်ခိုက်ရေး ဂိမ်းတွေ၊ စွန့်စားခန်းဂိမ်းတွေနဲ့ စာရင်တော့ နည်းနည်းအေးပါတယ်၊ ဇာတ်ကောင်တွေ အများကြီးမပါဘူး၊ အသံဖန်တီးမှုကအစ ငြိမ်ငြိမ်လေး၊ ဘာကြောင့်လဲဆိုတော့ ကစားသူ ၀င်ရောက်ကစားရမယ့် ဇာတ်ကောင် ကိုယ်တိုင်က တိတ်တဆိတ် သွားလာပြီး လိုအပ်တာတွေ ရှာဖွေ၊ ဆက်လက် ရှင်သန်နိုင်အောင် ကြိုးစား၊ နောက်ဆုံးမှာ ဂိမ်းကိုအနိုင်ရအောင် ကစားရမယ့် ဂိမ်းဖြစ်လို့ပါ။

PS4 နဲ့ Xbox One အပါအဝင် PC တွေနဲ့ကအစ ကစားနိုင်အောင် ဖန်တီးထားပေမယ့် အားနည်းချက်တစ်ခုအနေနဲ့က Single အနေနဲ့ပဲ ကစားနိုင်တာပါ။ အရင်က Ether One ဂိမ်းကစား ဖူးသူတွေအတွက်တော့ ကစားပုံချင်းဆင်လို့ အဆင်ပြေမှာပါ။ ၁၉၈၇ ခုနှစ်အချိန်ကို ဇာတ်အိမ်တည်ထားတယ်၊ ကစားသူက လျှို့ဝှက်စုံထောက် ပုံစံသတင်း ထောက်တစ်ယောက်အနေနဲ့
မိမိလိုအပ်တဲ့အချက်အလက်တွေကို ရယူနိုင်အောင် ကြိုးစားရမှာပါ။

Stealth ဆိုတဲ့ သူခိုးဂိမ်းလို့ဆိုရင် မမှားပါဘူး။ ဒါပေမဲ့အခုက ပစ္စည်းတွေခိုးရမှာ မဟုတ်ဘူး၊ အချက်အလက်တွေ ခိုးရမယ်၊ ပြီးတော့ ကစားသူက သူခိုးလည်းမဟုတ်ဘူး။ သတင်းထောက်အနေနဲ့ မိမိလိုအပ်တဲ့ အချက်အလက်တွေကို စေလွှတ်တဲ့ ရုံးခန်းတွေ၊ လုံခြုံရေး တင်းကျပ်ထားတဲ့ အခန်းတွေထဲကနေ ရရှိအောင် ခိုးယူရမှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ သဘောအရ တိုက်ခိုက်ရေး လုံးဝမပါဘဲ လိုအပ်တဲ့နေရာကို ကစားသူက ၀င်ရောက်တယ်၊ အချက်အလက်ခိုးယူတယ်၊ ပြန်ထွက်တယ်၊ အားလုံးကို လုံခြံုရေးတွေ မသိအောင် လုပ်ဆောင်နိုင်မှ အနိုင်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်က လုံခြံုရေး ၀န်ထမ်းတွေမှာလည်း စောင့်ကြည့်မှုတွေ၊ အချက်ပြစနစ်တွေ၊ ဖွက်ထားမှုတွေ ရှိနေတော့ အခက်အခဲကြားကနေ အနိုင်ရအောင် ကစားရမှာပါ။

အခုဂိမ်းမှာ ထူးခြားချက်တစ်ခုက တခြားသူခိုးဂိမ်းတွေမှာလို အသက် ဒါမှမဟုတ် စွမ်းအင်လက်ကျန် ပြသမှု စနစ်တွေ မပါဘဲအချိန်နဲ့ ဆက်လက် ရှင်သန်နိုင်အောင် ကစားရမှာပါ။ ကစားသူဇာတ်ကောင်မှာ လက်ပတ်နာရီပါမယ်၊ အခန်းတစ်ခန်း အဆင့်တစ်ဆင့်တိုင်း အချိန် ၁၅ မိနစ်အတွင်း လိုအပ်တဲ့ အချက်အလက်ကိုရအောင် ယူနိုင်ရမယ်၊ မိမိရဲ့ အသက်လက်ကျန်ဟာ မိမိရဲ့ နာရီမှာရှိနေမယ်၊ ဒါကြောင့် အချိန်ကို အမှတ်တရ ကြည့်ဖို့လည်းလိုမယ်၊ အချိန် နည်းလာလေလေ အာရုံစိုက်ပြီး အနိုင်ရအောင် ကစားဖို့ လိုအပ်လာလေ
လေ ဖြစ်မှာပါ။ အဆင့်ပေါင်းများ စွာကစားရမှာ ဖြစ်ပေမယ့် အဆင့် ၁ ပြီးရင် ၂၊ ၂ ပြီးရင် ၃ ပုံစံ မဟုတ်ဘဲ မိမိလိုချင်တဲ့ အချက်အလက်စုံအောင် ရယူရမှာဖြစ်လို့ တစ်ခန်းပြီးတိုင်း အဆင့် ၁ကို နိုင်ပြီးလို့ အဆင့် ရ ကို ၀င်ကစားချင်ရင်လည်းရမယ်၊ ဒါပေမဲ့အဆင့် ၂ ကတော့ နောက်ပိုင်း ဆက်ကစားရမယ့် သဘောပါ။

Develop: Star Awards ဆုကိုတောင် ရထားတဲ့ အခုဂိမ်းက ရုပ်ထွက်နဲ့ ဇာတ်လမ်းသွားဖန်တီးမှု အထူးကောင်းမွန် လှပါတယ်။ လက်တွေ့ဆန်ဆန် မြင်ကွင်းအတိုင်း မိမိကသွားလာ ကစားရမှာဖြစ်ပြီး အခက်အခဲနဲ့ ပတ်ဝန်းကျင်အားလုံးက လက်တွေ့အတိုင်းနီးပါးဖြစ်လို့ သဘောကျမိပါတယ်။ တစ်ခန်းကို ၁၅ မိနစ်နဲ့ အခန်းပေါင်း များစွာ ကျော်ဖြတ်အနိုင်ရယူမယ့် အခုဂိမ်းက တစ်ယောက်တည်း Gamer တွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းပါပဲ။