The Money Hunt SME Competition Program အတွက် လျှောက်လွှာခေါ်ယူ

မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန် ရည်ရွယ်၍ uab bank မှ ကြီးမှူးကာ SME competition program (The Money Hunt) ပြိုင်ပွဲကိုကျင်းပသွားမယ်လို့ သိရပါတယ်။

‘Money Hunt’ SME ပြိုင်ပွဲကို uab ဘဏ်နဲ့ Media 𝟳 တို့ပူးပေါင်းကာ Relaity TV Program အနေနဲ့ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲကို စီးပွားရေးစွမ်းဆောင်မှုဆိုင်ရာ အသိပညာမြှင့်တင်ရန်၊ အနာဂတ်စီးပွားရေးစွမ်းဆောင်ရှင်များကို မွေးထုတ်ပေးရန်နှင့် ဆန်းသစ်တီထွင်ဖန်တီးမှုကို အားပေးရန် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

မြန်မာတစ်ပြည်လုံးရှိ လုပ်ငန်းရှင် ၁၄ ဦး ကိုရွေးချယ်မှာ ဖြစ်ပြီး ပြိုင်ပွဲ၀င်လုပ်ငန်းရှင်အနေနဲ့ ဆုတံဆိပ်များ၊ ပထမဆုအနေနဲ့ သိန်း (၃၀၀) (seeds funding) နဲ့ အပေါင်ပစ္စည်းမဲ့ ချေးယူခွင့်သိန်း (၁၀၀၀) အထိ၊ ဒုတိယဆု အနေနဲ့ အပေါင်ပစ္စည်းမဲ့ ချေးယူခွင့်သိန်း (၁၀၀၀) အထိ၊ တတိယဆု အနေနဲ့အပေါင်ပစ္စည်းမဲ့ ချေးယူခွင့်သိန်း (၁၀၀၀) အထိကို ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ အောင်မြင်ကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများမှ အကဲဖြတ် အမှတ်ပေးရွေးချယ်၍ စီးပွားရေး ဆိုင်ရာ အကြံဉာဏ်ကောင်းများ ပေးသွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်‌တွေ အနေနဲ့ “How will you grow your business” ခေါင်းစဉ်ဖြင့် မိမိဝင်ရောက်ယှဉ်ပြိုင်မယ့် အကြောင်းအရာ အချက်အလက်တွေကို ပြိုင်ပွဲလျှောက်လွှာ သို့မဟုတ် video အား အီးမေးလ်မှသော်လည်းကောင်း၊ အနယ်နယ်အရပ်ရပ်ရှိ uab ဘဏ်ခွဲများမှသော်လည်းကောင်း ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို ဇန်နဝါရီ ၃ ရက်မှ စတင်ကာ လျှောက်ထားနိုင်ပြီး ဇန်နဝါရီ ၁၇ ရက် နောက်ဆုံးဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်‌‌တွေကို ဖုန်း – ၀၉၉၈၅၄၆၆၅၆၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««