The Legend of Zelda: Link’s Awakening

အခု တစ်ပတ်တော့ ချစ်စရာကောင်းတဲ့ ရုပ်ထွက်နဲ့ ပေါ့ပေါ့ပါးပါး ကစားနိုင်မယ့်ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တိုက်ခိုက်ရေးနဲ့ စွန့်စားခန်း တွဲဖက်ပေါင်းစပ်ထားတဲ့ ဂိမ်းဆိုပေမယ့် Mario လိုပဲ ဇာတ်ကောင်လေးရဲ့ ချစ်စရာ ရုပ်ထွက်နဲ့ ဇာတ်လမ်းသွား အနေအထားက သင့်စိတ်ကြိုက်ဖြစ်မှာပါ။

လုံးဝ အသစ်ထွက်ရှိလာတဲ့ ဂိမ်းဖြစ်တာကြောင့် မိတ်ဆက်ပေးဖို့ ရွေးချယ်လိုက်ပေမယ့် အခု ဂိမ်းမှာ အလွယ်ဆုံး မြင်မိတဲ့အားနည်းချက် ၂ ခု ရှိနေတာ ပြောချင်ပါတယ်။ ပထမ တစ်ချက်က Nintendo Switch တစ်မျိုးတည်းနဲ့ပဲ ကစားနိုင်မယ်၊ အနည်းဆုံး Wis စနစ်နဲ့တောင် ကစားလို့မရတာကြောင့် Platform စုံနဲ့ မကစားနိုင်ဘူး။ နောက်တစ်ချက်က Single အနေနဲ့ပဲ ကစား လို့ရမယ်၊ ထားပါတော့၊ ဂိမ်းရဲ့ ကစားဟန်ကို နည်းနည်းလောက် ကြည့်ရအောင်ဗျာ။

၁၉၉၃ ခုနှစ်က ထွက်ခဲ့တဲ့ Gameboy ဆိုတဲ့ ဂိမ်းလေးကို Version တင်တဲ့ သဘောမျိုး ဖန်တီးလာတဲ့ ဂိမ်းသစ်ပါ။ Koholint ကျွန်းလေးမှာ ဇာတ်လမ်းအခြေခံထားတယ်၊ ဇာတ်ကောင် အမည်က Link၊ သူက ပင်လယ်မှာရွက်လွှင့်ရင်း မုန်တိုင်းမိလို့ ကျွန်းလေးပေါ်ကို ရောက်လာမှာ၊ Link ကို Marin အမည်ရှိ ကျွန်းသူလေးက ကယ်တင်ခေါ်ယူထား တာ၊ နောက်တော့ ကျွန်းလေးကို ကယ်တင်ဖို့ ဖြစ်လာတယ်ပေါ့။ ဇာတ်လမ်းသွားက Koholint ကျွန်းပေါ်မှာဆိုပေမယ့် အဆုံးမဲ့ ပတ်ဝန်းကျင်ပုံစံ သွားလာကစား နိုင်မယ်၊ ငှက်ကြီးတွေ၊ ဘီလူးကြီး တွေနဲ့ တိုက်ခိုက် အနိုင်ယူရမယ်၊ ပဟေဠိတွေ ဖြေရှင်းရမယ်၊ ကျွန်းကို မိစ္ဆာတွေ လက်ထဲက ကယ်တင်ဖို့ အတွက် ရတနာ ၈ ခုကို ပြန်လည် ရှာဖွေချိတ်ဆက်ရမယ်။ တစ်ယောက် တည်း ဂိမ်းကစားတတ်သူတွေ အတွက်တော့ ပေါ့ပေါ့ပါးပါးနဲ့ အာရုံစားစေနိုင်မယ့် ဂိမ်းပါပဲ။

ကစားရတာ အသားကျလွယ်တယ်၊ အာရုံပြည့် စိတ်ဝင်စားစေနိုင်အောင် ဖန်တီးထားနိုင်တဲ့ ဂိမ်းပါ။ တိုက်ခိုက်ရေး ဂိမ်းဆိုပေမယ့် လက်နက် အသုံးပြုနိုင်မှုတွေ၊ ထူးခြားတဲ့ ဖန်တီးချက်တွေ မပါဘဲ
ရန်သူကို ခုန်ကန်နိုင်မယ်၊ ထိုးကြိတ်တိုက်ခိုက်နိုင်မယ့် ရိုးရှင်းတဲ့ ဖန်တီးထားမှု တွေ့ရပါတယ်။ Link အတွက် လက်စွဲတော် ဓား တစ်လက်ပဲပါရှိပါတယ်။ ဒိုင်းနဲ့ချပ်ဝတ်တန်ဆာတွေ အားဖြည့်ပေးထားလို့ Link ရဲ့ ခံနိုင်ရည် လည်းကောင်းတယ်၊ အသက်ပြန်ဖြည့်နိုင်တယ်၊ အသက်ပြန်ဖြည့်ဖို့ကတော့ စခန်းသွား က စားရင်း အားဆေး ပုလင်းလေးတွေကို သောက်ရမှာပါ။

Time Mode ဆိုတဲ့ အချိန်နဲ့ကစားတဲ့ ပုံစံ တစ်ခုလည်း ပါမယ်။ ပေးထားတဲ့ အချိန် အတွင်းမှာ ဂိမ်းကို အနိုင်ရအောင်ကစားရမှာ ပါ။ သူကတော့ ဇာတ်လမ်းသွား အစအဆုံးအတွက် မဟုတ်ဘဲ အခန်း တစ်ခန်းစာပဲကစား နိုင်မယ့် Mode တစ်ခုပါ။ ပုံမှန်ကတော့ ဇာတ်လမ်းသွား အတိုင်း စခန်းဆုံးထိ အနိုင်ရအောင် ကစားရပါလိ့်မ်မယ်။ ဂိမ်းရဲ့ Logo ကို ကြည့်ပြီး ကလေးဆန်တယ်၊ လွယ်မယ်တော့ မထင်လိုက်ပါနဲ့၊ စ ခန်းသွားအစ၊ အဆုံးကို အချိန် အနည်းဆုံး ၅ နာရီနဲ့ အထက် ပေးမှ အနိုင်ရမယ့် ဂိမ်းပါ။ အသားမ ကျသေးသူတွေအတွက်က တော့ သီတင်းပတ်တွေ ကြာအောင် တိုင်ပတ်နေစေ ပါလိမ့်မယ်။ ရောင်းချပြီး ၃ ရက်အတွင်း UK နဲ့ ဂျပန်မှာ ရောင်းအား အကောင်းဆုံးအဆင့် ၁ ချိတ်ထား တဲ့ Link ကဘယ်လောက်တောင် ကစားလို့ ကောင်းသလဲဆိုတာ သင်ကိုယ်တိုင် ကစားကြည့်မှ လက်ခံနိုင်လိမ့်မယ် ထင်ပါတယ်။ Special Effect တွေ မသုံးထားတဲ့ Link အဖြစ်ကျွန်းလေးကို ကယ်တင်ကြည့်စေချင်တယ်ဗျာ။