The Hackathon 2019 တွင် ပြိုင်ပွဲဝင် ၂၀၀ ခန့် ပါဝင်ယှဉ်ပြိုင်

အူရီဒူးမြန်မာ နှင့် UNDP တို့ ပူးပေါင်းကျင်းပတဲ့ Hackathon နည်းပညာပြိုင်ပွဲတွင်မြို့ပေါင်း ၁၂ မြို့မှ ပြိုင်ပွဲဝင် အယောက်၂၀၀ ခန့်က အငယ်တန်းအဆင့်နဲ့ ပညာရှင်အဆင့်ပြိုင်ပွဲဝင်များအဖြစ် ပါဝင်ယှဉ် ပြိုင်ခဲ့ကြပါတယ်။
Hackathon ၂၀၁၉ ပြိုင်ပွဲမှာ အောက်တိုဘာ ၂၀ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး ပြိုင်ပွဲဝင် တွေအနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင် ရာကဏ္ဍအစရှိတဲ့ ကဏ္ဍ ၃ ရပ်ရဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင် နေရ တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာဖြေရှင်းချက်တွေကို ဒိုင်လူကြီးများထံသို့ ရှင်းလင်းတင်ပြပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က “ကျွန်တော်တို့အနေနဲ့ UNDP နဲ့ အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်တွေကို ပံ့ပိုးပေးတဲ့အနေနဲ့ The Hackathon နည်းပညာပြိုင်ပွဲဟာ ပြည်တွင်းစွန့်ဦး တီထွင်သူတွေအတွက် ရှေ့သို့ဆက်လှမ်းရန် ပေါင်းကူးတံတားအဖြစ် ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ထက်မြက်ထူးချွန်တဲ့ လူငယ်လူရွယ်တွေအတွက် ၄င်းတို့ရဲ့ လူမှုဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေမယ့် ဆန်းသစ်တီထွင်ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးကူညီပေးတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အူရီဒူးရဲ့ ရန်ကုန်နဲ့မန္တလေးရုံးတွေမှာ တစ်ပြိုင်နက်တည်း The Hackathon ကို ထပ်မံကျင်းပပေးကာ လူငယ်တွေကို အနာဂတ်အတွက်ပိုမိုကောင်းမွန်တဲ့ လူမှုဝန်းကျင်တစ်ခု ဖန်တီးနိုင်ဖို့အတွက် အားပေး ထောက်ပံ့တဲ့ ကျွန်တော်တို့ရဲ့ထက်သန်တဲ့ခံယူချက်ကို ဖော်ထုတ်ပြနိုင်လို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အငယ်တန်းအဆင့်နှင့် ပညာရှင်အဆင့်အသီးသီးမှ အနိုင်ရရှိတဲ့ အဖွဲ့ ၃ ဖွဲ့စီကိုငွေသားဆုများ ချီးမြှင့်ပေးအပ်မှာဖြစ်ပြီး အူရီဒူးနဲ့ UNDP တို့မှ ပံ့ပိုးပေးမယ့် သင်တန်းအစီအစဉ်မှာ တက်ရောက် ခွင့်ရရှိမှာဖြစ်ပါတယ်။The Hackathon 2019 နှင့်ပတ်သက်၍ အသေးစိတ်သိရှိလို ပါက www.thehackathon2019.com သို့ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။