The Essential Business Survival Guide in Crisis by JCU Alumni ခေါင်းစဥ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲပြုလုပ်မည်

The Essential Business Survival Guide in Crisis by JCU Alumni ခေါင်းစဥ်နဲ့ အွန်လိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၆ ရက် ညနေ ၅ နာရီမှ ၆ နာရီအထိပြုလုပ်သွားမှာဖြစ်ပြီး CROWN Education Facebook Page မှတိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။

New Normalနဲ့အတူ လိုက်ပါပြောင်းလဲလာတဲ့ စီးပွားရေး၊ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အကြောင်းတွေကို ကြိုတင်သိရှိပြင်ဆင်ထားနိုင်ရန်အတွက် ဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပြီး နိုင်ငံခြားမှာ ပညာသင်တဲ့အခါ ကုန်ကျစရိတ်သက်သာအောင် ဘယ်လိုလုပ်မလဲ၊ Covid-19အတွင်းမှာ ထိထိရောက်ရောက်လေ့လာသင်ယူနိုင်ဖို့ ဘယ်လိုအကြံပေးချင်လဲ၊ New Normal ကြောင့် နိုင်ငံတကာပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ဘယ်လိုအပြောင်းအလဲဖြစ်လာနိုင်လဲ၊ Career ရွေးချယ်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေအတွက် လိုအပ်တဲ့တွေးခေါ်မှုပုံစံတွေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုစတင်တဲ့အခါ တွေ့ကြုံ့ရနိုင်တဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေ၊ တက္ကသိုလ်ပြီးကာစ လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ဝင်တော့မယ်ဆိုရင် ဘယ်အချက်တွေကို ပြည့်ဝအောင်လေ့လာထားရမလဲ၊ အောင်မြင်တဲ့လုပ်ငန်းခွင်ထဲက သူတစ်ယောက်ဖြစ်လာဖို့ ဘယ်အချက်တွေက အရေးကြီးလဲ ၊ New Normal ကနေ ဘယ်လိုအခွင့်အလမ်းတွေ ရှိလာနိုင်လဲ၊ JCUS က စီနီယာတစ်ယောက်အနေနဲ့ အခုမှ စတက်မယ့် ကျောင်းသူ၊သားတွေအတွက်ဘာတွေမှာချင်လဲ၊ အစရှိတဲ့ အကြောင်းအရာတွေကို ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။
James Cook University Alumni တွေဖြစ်တဲ့ မသင်းသင်းယု၊ Director of MAHARZAYA Co.,Ltd and Running the Live Sport Bar Restaurant in Yangon Myanmar, မအိနှင်းဖြူ , Mental health consultant and trainer of Basic Child Psychology Course at L.A Professionals Group, ကိုကျော်မင်းဦး, Managing Director, Yangon HO, Myanmar XI Co., Ltd တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးသွားမှာဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ http://bit.ly/crowndec26jcu လင့်ခ်ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««