The Electronic World Marketing Summit ရောင်းချရငွေ၏ ၁၀ ရာခိုင်နှုန်းကို COVID-19 အတွက် စေတနာ့ဝန်ထမ်းဆောင်ရွက်နေသည့် Volunteers များပံ့ပိုးကူညီရေးအတွက် လှူဒါန်းမည်

World Marketing Guru Prof.Philip Kotler ရဲ့ Kotler Impact Group မှ ဦးစီးသော ကမ္ဘာကျော် world Renowned Speakers 80 ကျော်ပါဝင်သည့် The Electronic World Marketing Summit (Online Version World Marketing Summit) ကို နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ပြုလုပ်မှာဖြစ်ပြီး အဆိုပါ အခမ်းအနားအတွက် လက်မှတ်ရောင်းချရငွေများထဲမှ ၁၀ ရာခိုင်နှုန်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ လက်အောက်တွင်ပါဝင်ကာ COVID-19 အကူအညီပေးရေးအတွက် စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြတဲ့ Volunteers တွေကို ပံ့ပိုးကူညီရေးအတွက် လှူဒါန်းသွားမယ် လို့ သိရပါတယ်။

ပွဲတက်ရောက်ရန်အတွက် လက်မှတ်ဝယ်ယူရာမှာ (Smart, Comfort/ CIP & Club*/ VIP) လက်မှတ် အမျိုးအစား သုံးမျိုးရှိပြီး Smart လက်မှတ်မှာ ၇၉,၈၀၀ ကျပ် (Get cupon 5% off/ 4500 Ks) ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ NGOs/ Alumni/ Business Associations အဖွဲ့အစည်းများ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ Comfort လက်မှတ်မှာ ၁၂၈,၀၀၀ ကျပ် (Get cupon 5% off/ 7500 Ks) နဲ့ Smart လက်မှတ်မှာ ၂၁၄,၀၀၀ ကျပ် (Get cupon 5% off/ 115,000 Ks) ဖြစ်ပြီး Advance Learners & Professionals တွေအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ အစိုးရဌာန အဖွဲ့အစည်းများမှ Civil Servant ဝန်ထမ်းတွေအနေနဲ့လည်း ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်ကနေ ငွေပေးချေဖို့ အခက်အခဲရှိနေသူတွေအနေနဲ့ cash on delivery (Direct selling) နဲ့ Any Card Payment ဝယ်ယူလိုသူတွေအတွက် 7 Day Zay https://7dayzay.com/products/list?category_id=189 e-Commerce Website (Online Sopping) နဲ့ Corporate Tickets ဝယ်ယူလိုသူတွေအနေနဲ့ order form ကို ရယူပြီး http://www.ewmsmyanmar.com/wp-content/uploads/2020/10/eWMS-Corporate-Tickets-Order-Form.pdf မှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

လက်မှတ်တွေကို corporate ဝယ်ယူရင်း supporter အနေဖြင့် ပါဝင်ကူညီအားဖြည့်နိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် လက်မှတ်တွေကိုလည်း ပညာဒါနအဖြစ် လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း၊ supporting Organization Logo တွေကိုလည်း http://www.ewmsmyanmar.com/ ဝက်ဘ်ဆိုက်မှာ credit ပေး၍ ဖော်ပြပေးမှာဖြစ်ကြောင်း သိရပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««