The Dark Crystal: Age of Resistance Tactics

တိုက်ခိုက်ရေး ဂိမ်းမဟုတ်ဘဲ နည်းဗျုဟာဦးစားပေး ဂိမ်းသစ်တစ်ခု ထွက်လာပါတယ်။ The Dark Crystal ထဲမှာတော့ ဒုတိယမြောက်ဂိမ်းအဖြစ် ထွက်လာခြင်းပါ။ သိသာတဲ့ ပြောင်းလဲမှုကတော့ ရုပ်ထွက်ပိုင်း အဆင့်မြှင့်လာခြင်း ဖြစ်ပြီး Animation ရုပ်ထွက်က အကောင်းဆုံး အနေအထား ရောက်လာပါတယ်။ စစ်တုရင်ကွက်ပုံစံ ကစားကွက်အတွင်း ရန်သူနဲ့ တိုက်ခိုက်ခန်းတွေမှာ မိမိအနေနဲ့ စစ်သားတွေကို ဘယ်နေရာမှာ ချထားမယ်၊ ဘယ်လို ခုခံမယ်၊ ဘယ်လို စစ်ထိုးမယ် စသဖြင့် နည်းဗျူဟာ ချရမှာပါ။ သင့် အနေနဲ့ ဇာတ်ရုပ် ၁၅ ခုလောက် ရွေးချယ်စရာရှိပြီး နှစ်သက်ရာ ဇာတ်ရုပ်နဲ့ ကစားနိုင်မယ်၊ Thra နယ်မြေက Gelfling တွေကို ကျူး ကျော်လာတဲ့ Skeksis တွေကို ပြန်လည် ခုခံရမှာပါ။

Creep လေးတွေနဲ့ဆင်တူတဲ့ စစ်သားတွေ သင့်ရဲ့ လက် အောက်မှာရှိနေမှာပါ၊ Vapra, Grottan, Drenchen, Spriton, Slfanနဲ့ Dousan တို့တွေက အား သာချက် တစ်ခုစီရှိတဲ့ သင့်ရဲ့ စစ်သားငယ်လေးတွေပါ။ မိမိ နယ်မြေကို ကျူးကျော်လာတဲ့ မိစ္ဆာတွေကို ခုခံရမှာပါ။ ဇာတ်လမ်းသွားအနေနဲ့ မဟုတ်ပေမယ့် ရန်သူနဲ့ စစ်ပွဲတစ်ပွဲ အနိုင်ရတိုင်း စစ်အခင်းအကျင်း ပြင်ဆင်ဖို့ အချိန်ရမယ်၊ ပြီးရင်နောက်တစ်ခန်းအနေနဲ့ ရန်သူအသစ်တွေ ရောက်လာပြီး ဆက်လက်အနိုင်ရအောင် တိုက်ခိုက်ရမှာပါ။

ဂိမ်းအစအဆုံး တိုက်ပွဲပေါင်း ရ၀ ကျော် ရင်ဆိုင်ရပါလိမ့်မယ်။ စစ်ခင်းတဲ့နေရာက စိတ်ကူးယဉ် ဖန်တီးထားတဲ့ Thra နယ်မြေ၊ ရှေ့ထွက်ဂိမ်းနဲ့ စာရင်တိုက်ပွဲနေရာ ကျယ်ဝန်းလာတယ်။ ရလဒ်ကတော့ ကစားသူအနေနဲ့ စစ်ခင်းမှု အာရုံပိုထားလာရပါတယ်။ စစ်ပွဲတွေ အနိုင်ရရင် Creep အသစ်တွေ Unlock ဖြစ်လာမယ်၊ ပြီးတော့ Battle Pointတွေလဲရမယ်။ Creep တွေကို စွမ်းဆောင်ရည်ရော ခံနိုင်ရည်ပါ အဆင့်မြှင့် နိုင်ပါသေးတယ်၊ ပြီးတော့ အခုဂိမ်းမှာ ထူးခြားတဲ့ Mode တစ်ခု ထည့်ထားတယ်၊ ပုံမှန်ဂိမ်းတွေမှာ အစကနေအဆုံး အနိုင်ရပြီးရင် ဂိမ်းကပြီးသွားမှာ ဖြစ်ပေမယ့် အခု Versionမှာတော့ အစအဆုံး အနိုင်ရပြီးရင် New Game+ ဆိုတဲ့ Mode နဲ့ ဂိမ်းကို အစကနေ ပြန်ကစားနိုင်ပါတယ်၊ အဆိုပါ Mode နဲ့ ဆိုရင်တော့ ရှေ့မှာမိမိကစားထားတဲ့အတိုင်း မဟုတ်တော့ဘဲ စိန်ခေါ်မှုအသစ်နဲ့ ပြန်ကစားနိုင်မှာ ဖြစ်လို့ စိတ်ဝင်စားစရာပါ။

ဂိမ်းက မိမိကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ရတာ မဟုတ်ပေမယ့် တိုက်ခိုက်နေချိန်မှာလည်း လိုအပ်တဲ့ စစ်သားနေရာ ရွှေ့မှုတွေ၊ ချမှုတွေလုပ်ရမယ်၊ နောက်တစ်ခန်း မတိုက်ခင်မှာလည်း စစ်ပြင်ရမယ်၊ ပြီးတော့ စစ်ပြင်နေချိန်တွေမှာ မိမိနယ်မြေကနေ ထွက်ရှိတဲ့ Resource တွေကို စုဆောင်းတာတွေလည်း လုပ်ရမှာပါ။ ရန်သူကလည်း Resource ရနိုင်မယ့် နေရာတွေကို အဓိကထားပြီး တိုက်ခိုက်လို့ အဆိုပါနေရာတွေကို ပိုပြီးအလေးထား ကာကွယ်မှုတွေလုပ်ဆောင်ရမှာပါ။ သင့်အနေနဲ့ Resource နည်းသွားရင် သင့်ရဲ့စစ်တပ်လည်း အားနည်းသွားမှာပါ။ ဒါဆိုရင်တော့ အနိုင်ရဖို့ ဝေးသွားပါလိမ့်မယ်။

PS4, Xbox Oneတွေ အပြင် PCရော Mac တွေနဲ့ပါ ကစားနိုင်အောင် ဖန်တီးထားတဲ့ အခုဂိမ်းက အငြိမ်လေးထိုင်၊ စိတ်ကူးလေးနဲ့ ကစားချင်သူတွေ အကြိုက်တွေ့ပါလိမ့်မယ်။ စစ်တုရင် ကစားသလိုပဲ မိမိရဲ့ ဗျူဟာက ဂိမ်းရဲ့ အဖြေထွက်ပါလိမ့်မယ်။ စစ်အခင်းအကျင်း ကောင်းရမယ်၊ မိမိနယ်မြေကို ကာကွယ်နိုင်ရမယ်၊ Resource တွေ ထိန်းသိမ်းအသုံးချနိုင်ရမယ်၊ နည်းဗျူဟာ ဂိမ်းဆိုပေမယ့် တိုက်ခိုက်ရေး တစ်ခုတည်း အာရုံထားနေလို့တော့ မရပါဘူး။ ဒါ့အပြင် အနိုင်ရပြီးရင်တောင် New Game +နဲ့ အစကနေ ပြန် ကစားလို့ ရသေးတာကြောင့် သဘောကျစရာပါပဲ။