The Boys အခြေပြု စီးရီးသစ်ကို ထပ်မံဖန်တီးမယ့် Amazon

Amazon Prime Video မှာပြသနေတဲ့ စူပါဟီးရိုးစီးရီး The Boys season 2 ဟာ အလွန်အောင်မြင်နေပါတယ်။ The Boys အောင်မြင်မှုကြောင့် The Boys အခြေပြု စီးရီးသစ်တစ်ခုကို ထပ်မံ ဖန်တီးသွားမယ်လို့ အမှုဆောင်ပရိုဂျူဆာ ဆတ်ရိုဂန်နဲ့ အဲရစ်ခရစ်ကီက အတည်ပြုသွားပါတယ်။

အခုဖန်တီးမယ့် The Boys အခြေပြု စီးရီးကတော့ ဂါ့အန်နစ်နဲ့ ဒါရစ်ရောဘတ်ဆင်တို့ ဖန်တီးခဲ့တဲ့ The Boys ကောမစ်နဲ့ မသက်ဆိုင်ဘဲ ဖန်တီးမှုအသစ် ဖြစ်လာပါမယ်။ ရက်စက်တဲ့ Voght International အဖွဲ့အစည်းက ဖွင့်လှစ်ထားတဲ့ အမေရိကန်က စူပါဟီးရိုးတက္ကသိုလ်အကြောင်းကိုပဲ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

The Boys အမှုဆောင်ပရိုဂျူတာ ခရိတ်ရိုဆန်ဘတ်ဖန်တီးမယ့် စီးရီးသစ်ကတော့ ကောလိပ်ကျောင်းသားဘဝနဲ့ The Hunger Games ရုပ်ရှင်ပုံစံမျိုးကို ပေါင်းစပ်ထားမယ်လို့ ပြောခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««