The application of Geographic Information Systems (GIS) in Health” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ The application of Geographic Information Systems (GIS) in Health ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ဇန်နဝါရီ ၃၀ ရက်၊ နေ့လယ် ၁ နာရီမှ ၂ နာရီအထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Remote Sensing and GIS Research Center, YIT ရဲ့ ဒါရိုက်တာ ဒေါက်တာကျော်ဇေယျာထွန်း က WebinarJam (Online Platform) ကို အသုံးပြုပြီး ဆွေးနွေးဟောပြောသွားမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/SIG12 မှာ Register ဝင်ရောက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ပွဲနေ့ မတိုင်မီ Register ပြုလုပ်ပါက ပြုလုပ်ပြီးတာနဲ့ မိမိတို့ ထည့်သွင်းထားတဲ့ email သို့ Live Room Link ရောက်ရှိမှာဖြစ်ပြီး Live Room Link ကို ဆွေးနွေးပွဲနေ့မှာ နှိပ်ကာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««