The Anatomy of Online Learning ဆွေးနွေးပွဲကျင်းပမည်

The Anatomy of Online Learning ခေါင်းစဉ်နဲ့ အွန်လိုင်း ပညာရေးဆွေးနွေးပွဲကို Regent ပညာရေးကုမ္ပဏီမှ ကြီးမှူးပြီး သြဂုတ် ၂၉ ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

Online ပညာရေးဆွေးနွေးပွဲသို့ ၁၀ တန်းဖြေဆိုအောင်မြင်ထားသူတွေ၊ IGCSE ဖြေဆိုအောင်မြင်ထားသူတွေ၊ American High School Diploma ဖြေဆိုအောင်မြင်ထားသူတွေ၊ GCE “A-Level” ဖြေဆိုအောင်မြင်ထားသူတွေ၊ IB Diploma ဖြေဆိုအောင်မြင်ထားသူတွေ၊ လက်ရှိ တက္ကသိုလ် တက်ရောက်နေသူတွေနဲ့ ဘွဲ့ရပြီးသူတွေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

COVID ကာလတွင် အွန်လိုင်းမှ တက္ကသိုလ်တက်ရောက်ခြင်းမှာ အချိန်များ အလဟဿ မဖြစ်ဘဲ အကျိုးရှိစွာ အသုံးပြုနိုင်မှာဖြစ်ပြီး မိမိတက်ရောက်မယ့် Semester အတွက် (၁၀% မှ ၂၀%) သက်သာခွင့်တွေ ရရှိနိုင်မယ့်အပြင် ပညာသင်ဆုတွေကိုလည်း ရရှိနိုင်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ One Semester ကို အွန်လိုင်းမှ တက်ရောက်ခြင်းမှာ နိုင်ငံခြားမှာ ကုန်ကျမယ့် ကျောင်းလခထက် သက်သာနိုင်မှာဖြစ်ပြီး နေထိုင်စားသောက်စရိတ်တွေလည်း ထပ်မံသက်သာမှာဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ ဒီနေရာမှာ စာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««