“The 4th International Conference on Advanced Information Technologies ” အွန်လိုင်းစနစ်ဖြင့် ကျင်းပမည်

သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်က ကြီးမှူးကာ “The 4th International Conference on Advanced Information Technologies (ICAIT 2020)” ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ အွန်လိုင်းမှ တစ်ဆင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

”ပွဲကတော့ သုတေသနရလဒ်တွေကို စာတမ်းဖတ်ပွဲလုပ်တာပါ။ ဒီနှစ်ကတော့ COVID ကြောင့် fully online ပဲ Microsoft Teams ကိုအသုံးပြုပြီး လုပ်ရတာပါ။ နိုင်ငံခြားတက္ကသိုလ်တွေကနေလဲ စာတမ်းဖတ်မယ့်သူတွေရှိတယ်။

နိုင်ငံခြားတက္ကသိုလ်တွေကနေ စာတမ်းတွေတင်သွင်းပြီး စိစစ်ပြီးတော့ acceptance ရတဲ့သူတွေကဖတ်မှာပါ။ ပြည်ပက ကိုးယောက်က စာတမ်းဖတ်ပေးမှာပါ။ နောက်ပြီး ပြည်ပက ပရော်ဖက်ဆာ ၃ ယောက်ကလဲ Keynote Speech နဲ့ Invitation talk တွေ ပြောပေးမှာပါ” “ လို့ UIT မှ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက ပြောပါတယ်။

ပွဲ ပထမနေမှာ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီ ၂၀ ထိလည်းကောင်း၊ ဒုတိယ နေ့မှာ နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီ ၁၀ မိနစ်အထိလည်းကောင်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပထမနေ့မှာ Computational Intelligence & AI-I, Big Data & Blockchain Technologies, Simulation and Modeling in Software Approach, NLP & Machine Learning, Distributed and Cloud Computing, Database Technology and Data Mining အစရှိတဲ့အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယနေ့မှာ Computational Intelligence & AI-II, Computer Vision and Image Processing, Advanced Network Systems and Security, Communication and Digital Signal Processing အစရှိတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စာတမ်းတွေကို ဖတ်ကြမှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««