Tesla ရဲ့ဆိုက်ဘာထရပ်အတွက် ကိုယ်ပိုင်ဂိုဒေါင်စီမံကိန်း

Tesla ဆိုက်ဘာထရပ်ရဲ့ တော်လှန်တဲ့ဒီဇိုင်းဟာ အခြားစီမံကိန်းများစွာကို ဖြစ်ပေါ်လာပါတယ်။ အခုဆိုရင် ဒီဇိုင်းနဲ့ သုတေသနအေဂျင်စီ Lars Büro က ဆိုက်ဘာထရပ်ကို ထည့်ထားနိုင်တဲ့ Cybunker စီမံကိန်းကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။

Tesla ရဲ့ဆိုက်ဘာထရပ်ကားက ပုံမှန်ဂိုဒေါင်နဲ့ မဆံ့တဲ့အတွက် သီးသန့်ဂိုဒေါင်တစ်ခုကို တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

ဆိုက်ဘာထရပ်အတွက် ဂိုဒေါင်ဒီဇိုင်း ဓာတ်ပုံတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ဆိုက်ဘာထရပ် ဂိုဒေါင်တံခါးစနစ်မှာ တံခါးစနစ်၂ မျိုးပါဝင်ပြီး အကျယ်က စတုရန်းပေ ၆၀၀ ရှိပါတယ်။ ပုံမှန်ဂိုဒေါင်တွေနဲ့ အံကိုက်မဖြစ်တဲ့ ထရပ်ကားတွေ၊ ပစ္စည်းတွေနဲ့ ယာဉ်အမျိုးမျိုးကို ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ပိုမို ပြင်းထန်ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အတွက် လေလုံခန်းအဖြစ် အသုံးပြုနိုင်တဲ့အတွက် လုံခြုံအောင် ထားရှိနိုင်တယ်လို့ ကုမ္ပဏီက ရှင်းလင်းခဲ့ပါတယ်။

အဆောက်အဦက ခိုင်မာတဲ့ လေယာဉ်ကိုယ်ထည် တည်ဆောက်မှုနဲ့ လေသက်ရောက်အားခံနိုင်ရည်ရှိတဲ့ ပုံစံနဲ့ တည်ဆောက်နို်ငပါတယ်။ Cybunker ဟာ လူသူနည်းပါးတဲ့ တည်နေရာတွေမှာ အကြမ်းတမ်းဆုံး သဘာဝပတ်ဝန်းကျင်ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ Lars Büro ကပြောခဲ့ပါတယ်။

Cybunker ကို လူနေထိုင်တဲ့ တိုက်အဖြစ်လည်း တည်ဆောက်ပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။ ဆိုက်ဘာထရပ်ဟာ အကြမ်းခံပြီး ကျည်ဆန်ဒဏ်လည်း ခံနိုင်ရည်ရှိသလိုမျိုး Cybunker လည်း အလွန်ကြမ်းတမ်း ပြင်းထန်တဲ့ ပတ်ဝန်းကျင်ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ Lars Büro ကဖော်ပြခဲ့ပါတယ်။

မြို့ပြဧရိယာမှာ Cybunker ကိုလည်း တပ်ဆင်နိုင်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: Electrek