Tesla က ကုိယ္ပုိင္ခ်စ္ပ္မ်ား ဖန္တီးေန

[ Zawgyi ]

Tesla အေနနဲ႔ ေမာင္းသူမဲ့ကားေတြကို လြယ္လြယ္ကူကူ ထုတ္လုပ္ႏုိင္ဖုိ႔အတြက္ ကုိယ္ပုိင္ခ်စ္ပ္ေတြကုိ ဖန္တီးဖို႔ရိွတယ္လို႔ အီလြန္မက္စ္က လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္က ေျပာၾကားခဲ့ပါတယ္။

အဲဒီေျပာၾကားမႈအၿပီးမွာ Tesla က ကုိယ္ပိုင္ခ်စ္ပ္ေတြ တည္ေဆာက္ဖို႔ ဒီဇိုင္နာအဖြဲ႕နဲ႔ အမႈေဆာင္ေတြ ခန္႔အပ္ခဲ့ပါတယ္။ ဒီတစ္ပတ္မွာေတာ့ Tesla ရဲ႕ကိုယ္ပုိင္ခ်စ္ေတြနဲ႔ပတ္သက္ၿပီး ရလဒ္ေတြကုိ ထုတ္ျပန္ခဲ့ပါတယ္။

Tesla အေနနဲ႔ AutoPilot software ထဲက ျမင္ကြင္းပုိင္းမွာအသုံးျပဳတဲ့ neural network ေတြမွာအသုံးျပဳဖုိ႔ ကုိယ္ပုိင္ silicon ကိုဖန္တီးခဲ့ပါတယ္။ Tesla အေနနဲ႔ လက္ရွိ AutoPilot 2.5 တပ္ဆင္ထားတဲ့ ကားေတြမွာအသုံးျပဳေနတဲ့ Nvidia Drive PX2 system ေတြေနရာမွာ အစားထိုးမယ့္ ကြန္ပ်ဴတာတစ္ခုအတြက္ တည္ေဆာက္ေနတာ ျဖစ္ပါတယ္။

Tesla ရဲ႕ ကိုယ္ပုိင္ပ႐ိုဆက္ဆာေတြဟာ Nvidia ဒါမွမဟုတ္ အျခားသူေတြဆီက ဝယ္ယူႏိုင္တဲ့ အရာေတြထက္ ဆယ္ဆ သာလြန္တယ္လို႔ အီလြန္မက္စ္က ေျပာပါတယ္။ Tesla ရဲ႕ခ်စ္ပ္ဟာ တစ္စကၠန္႔မွာ video frame ၂,၀၀၀ အထိကို ေလ့လာ ဆန္းစစ္ႏိုင္ပါတယ္။

ဒါ့အျပင္ Nvidia ကလည္း PX2 ထက္ ပိုမုိျမန္ဆန္တဲ့ Drive Xavier ကားကြန္ပ်ဴတာသစ္ နမူနာေတြကို တင္ပို႔ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီကားကြန္ပ်ဴတာကို PX2 မွာအသုံးျပဳထားတဲ့ Pascal ခ်စ္ပ္ေတြမဟုတ္ဘဲ Nvidia ရဲ႕နည္းပညာသစ္ Tensor Cores ပါဝင္တဲ့ Volta architecture နဲ႔ တည္ေဆာက္ထားတယ္လုိ႔ သိရပါတယ္။

စိုးထက္
Ref: ExtremeTech

[ Unicode ]

Tesla အနေနဲ့ မောင်းသူမဲ့ကားတွေကို လွယ်လွယ်ကူကူ ထုတ်လုပ်နိုင်ဖို့အတွက် ကိုယ်ပိုင်ချစ်ပ်တွေကို ဖန်တီးဖို့ရှိတယ်လို့ အီလွန်မက်စ်က လွန်ခဲ့တဲ့နှစ်နှစ်လောက်က ပြောကြားခဲ့ပါတယ်။

အဲဒီပြောကြားမှုအပြီးမှာ Tesla က ကိုယ်ပိုင်ချစ်ပ်တွေ တည်ဆောက်ဖို့ ဒီဇိုင်နာအဖွဲ့နဲ့ အမှုဆောင်တွေ ခန့်အပ်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ Tesla ရဲ့ကိုယ်ပိုင်ချစ်တွေနဲ့ပတ်သက်ပြီး ရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

Tesla အနေနဲ့ AutoPilot software ထဲက မြင်ကွင်းပိုင်းမှာအသုံးပြုတဲ့ neural network တွေမှာအသုံးပြုဖို့ ကိုယ်ပိုင် silicon ကိုဖန်တီးခဲ့ပါတယ်။ Tesla အနေနဲ့ လက်ရှိ AutoPilot 2.5 တပ်ဆင်ထားတဲ့ ကားတွေမှာအသုံးပြုနေတဲ့ Nvidia Drive PX2 system တွေနေရာမှာ အစားထိုးမယ့် ကွန်ပျူတာတစ်ခုအတွက် တည်ဆောက်နေတာ ဖြစ်ပါတယ်။

Tesla ရဲ့ ကိုယ်ပိုင်ပရိုဆက်ဆာတွေဟာ Nvidia ဒါမှမဟုတ် အခြားသူတွေဆီက ဝယ်ယူနိုင်တဲ့ အရာတွေထက် ဆယ်ဆ သာလွန်တယ်လို့ အီလွန်မက်စ်က ပြောပါတယ်။ Tesla ရဲ့ချစ်ပ်ဟာ တစ်စက္ကန့်မှာ video frame ၂,၀၀၀ အထိကို လေ့လာ ဆန်းစစ်နိုင်ပါတယ်။

ဒါ့အပြင် Nvidia ကလည်း PX2 ထက် ပိုမိုမြန်ဆန်တဲ့ Drive Xavier ကားကွန်ပျူတာသစ် နမူနာတွေကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကားကွန်ပျူတာကို PX2 မှာအသုံးပြုထားတဲ့ Pascal ချစ်ပ်တွေမဟုတ်ဘဲ Nvidia ရဲ့နည်းပညာသစ် Tensor Cores ပါဝင်တဲ့ Volta architecture နဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။

Ref: ExtremeTech