Terminator: Resistance

အားလုံးသိတဲ့ Terminator ဇာတ်လမ်းတွဲထဲကအတိုင်း အနာဂါတ်လူသားတွေနဲ့ စက်ရုပ်တွေရဲ့ စစ်ပွဲအကြောင်းကို သရုပ်ဖော်ထားတဲ့ ဂိမ်းပါ။ ရုပ်ရှင်အနေနဲ့ ဆိုရင်တော့ အခုဂိမ်းရဲ့ ဇာတ်လမ်းသွားက The Terminator နဲ့ Terminator 2: Judgment Day နှစ်ခုပေါင်းပြီး ဖန်တီးထားတာပါ။ Nintendo Switch အတွက်ကလွဲရင် ကျန်တဲ့ Console တွေအတွက်ရော Wins စနစ်နဲ့ပါ ကစားနိုင်ပါလိမ့်မယ်။ ရုပ်ထွက်ရော ဇာတ်လမ်းသွားရော ဖန်တီးမှုရော အားလုံးစိတ်ကြိုက် ဖြစ်ပေမယ့် Single အနေနဲ့ပဲ ကစားနိုင်မယ့် အချက်ကိုတော့ သဘောမကျပါဘူး။

ဇာတ်လမ်းသွားက သက္ကရာဇ်အနေနဲ့ ၂၀၂၈ ခုနှစ်ကို ရောက်နေမယ်၊ တည်နေရာက အမေရိကန်နိုင်ငံ၊ လော့အိန်းဂျလိစ်၊ ကစားသူက စက်ရုပ်တွေရဲ့ ရန်ကို အဓိကထားပြီး တိုက်ခိုက်ကာကွယ်သူဖြစ်တဲ့ Jacob Rivers နေရာမှာ ၀င်ကစားရမယ်၊ ဂိမ်းရဲ့အမည် Resistance ကတော့ Jacob ပါ၀င်တဲ့ အထူးတပ်ဖွဲ့အမည်ဖြစ်ပြီး နောက်ဆုံးအချိန်အထိ ပန်းတိုင်ရောက်ဖို့ အသက်စွန့် တိုက်ခိုက်မယ့် အထူးတပ်ဖွဲ့ပဲ ဖြစ်ပါတယ်။ ပုံမှန် ရုပ်ရှင်ထဲမှာတော့ အဓိက ဇာတ် ကောင်ကို အနာဂါတ်ကနေလာတဲ့ စက်ရုပ်လူသားလို့ ဆိုနိုင်ပေမယ့် အခုဂိမ်းမှာတော့ Jacob က အဓိကဇာတ်ဆောင်ပါ။ သူက John Connor ဦးဆောင်တဲ့ Skynet စနစ်လက်အောက်ခံ စက်ရုပ်တွေရဲ့ ရန်ကိုကာကွယ်တိုက်ခိုက်မယ့် စစ်သားတစ်ယောက်ပါ။

တိုက်ခိုက်ရေး ဦးစားပေး ဂိမ်းဖြစ်ပြီးတော့ စက်ရုပ်တွေနဲ့ အများဆုံး တိုက်ပွဲဝင် အနိုင်ရအောင် ကစားရမယ်။ လက်နက် ဆန်းတွေ သုံးနိုင်မယ်၊ ရန်သူ့ ဘက်ကလည်း ဆန်းပြားတဲ့ စက်ရုပ်တွေ၊ နည်းပညာတွေနဲ့ တိုက်ခိုက်လာပါလိမ့်မယ်။ ထူးခြားချက် တစ်ခုကတော့ အခုဂိမ်းမှာ နောက်ဆုံး အနိုင်ရမယ့် ပန်းတိုင်က တစ်ခုတည်းမဟုတ်ဘဲ ဇာတ်လမ်းသွားတစ်လျှောက် ကစားသူကနေ အဆင့်လိုက်ရွေးချယ်သွားတဲ့ Option တွေ အပေါ်မှာ မူတည်ပြီးတော့ အဆုံး
သတ်က ဘာမဆို ဖြစ်နိုင်ခြင်းပါပဲ။ Jacob က ပစ္စုပန်ကို ပြန်သွားမလား၊ အနာဂါတ်မှာပဲ နေမလား၊ အဆုံးသတ်တွေက သင်ကိုယ်တိုင် ကစားရင်း သိလာပါလိမ့်မယ်။

ဆိုလိုတာက ပုံမှန်အနေနဲ့ ကစားသူကနိုင်ရင် လူသားတွေ နိုင်မယ်၊ ကစားသူက ရှုံးရင်စက် ရုပ်တွေ နိုင်မယ်၊ ဒါပေမဲ့ အခုဂိမ်းမှာ အဆုံးသတ်ဆိုပေမယ့် ဘယ်သူအနိုင်ရတယ်ဆိုတာ မရှိဘဲ စက်ရုပ်တွေက တဖန် လူသားတွေကို ပြန်လည် အုပ်စိုးဖို့ကြိုးစားမှုတွေ၊ လူသားတွေက ရှုံးနိမ့်သွားပြီး စက်ရုပ်တွေကို ပြန်လည်အနိုင်ရအောင် ကြိုးစားမှုတွေစတဲ့ အဆုံးသတ်တွေ များစွာဖြစ်နိုင်ပါတယ်။

ဇာတ်လမ်းသွား တစ်လျှောက်မှာတော့ Jacob အနေနဲ့ စက်ရုပ်တွေနဲ့ တိုက်ခိုက်ရင်ဆိုင်ရင်း Skynet စနစ်နဲ့ ဗဟို Core ကို ဖျက်ဆီးနိုင်အောင် ချဉ်းကပ်သွားရောက်ရမှာပါ။ တချို့နေရာတွေမှာ လူသားနဲ့ စက်ရုပ်တွေ စစ်ဖြစ်နေနိုင်ပြီး Jacob အတွက် အကူအညီရနိုင်ပေမယ့် တစ်ခါတလေမှာလည်း တစ်ယောက်တည်းသွားရောက် ရင်ဆိုင်ရမယ့် အခန်းတွေ ပါပါတယ်။ လက်နက်အသစ်တွေ Unlock ပွင့်လာမယ်၊ အနိုင်ရဖို့ အဆင့်မြင့်လာလေလေ လေကြောင်းကနေပါ တိုက်ခိုက်ခံရမှုတွေပါလာမယ်၊ အနီးကပ်လူ သားသဏ္ဍာန် စက်ရုပ်တွေကလည်း Jacob ကို သတ်ဖို့ကြိုးစားလာပါလိမ့်မယ်။ Terminator ရုပ်ရှင်ကတော့ အားလုံးကြည့်ဖူးနေတာမို့ ဂိမ်းထဲဝင်လိုက်တာနဲ့ ဇာတ်လမ်းသွာတွေကို သင့်အနေနဲ့ ရိပ်မိနေပြီးဖြစ်မှပါ။ တစ်ခုပဲရှိတာက သင့်အနေနဲ့ Jacob အဖြစ် Skynet Core ကို အချိန်မီ ဖျက်ဆီးပစ်နိုင်မှာလား ဆိုတာပါပဲ။