Tenet ဇာတ်ကားသစ် မျှော်နေချိန်မှာ ကြည့်သင့်တဲ့ စီးရီးနဲ့ ရုပ်ရှင်များ

နာမည်ကျော် ဒါရိုက်တာ ခရစ္စတိုဖာနိုလန် ရိုက်ကူးတဲ့ Tenet ဇာတ်ကားကတော့ မကြာခင် ထွက်လာပါတော့မယ်။ Tenet ဇာတ်ကားပုံစံက အချိန်ကို အစီအစဉ်တကျ မစဉ်းစားဘဲ ကွေးဆန့်နိုင်တယ်ဆိုတဲ့ သဘောတရားအပေါ် အခြေပြုထားပါတယ်။ Tenet ဇာတ်ကားဟာ နိုင်ငံတကာတွင် ဩဂုတ် ၁၆ ရက် ထွက်ရှိလာမှာ ဖြစ်ပြီး စက်တင်ဘာ ၃ ရက်မှ အမေရိကန်မှာ ပြသမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတာကြောင့် ဒေသတွင်း ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တဲ့အချိန်က တစ်ခုနဲ့ တစ်ခုမတူနိုင်ပါဘူး။ ရုပ်ရှင်ရုံတွေ မဖွင့်သေးတဲ့ ဒေသက လူတွေကတော့ Tenet ကိုမကြည့်သေးခင်မှာ အလားတူအမျိုးအစား ရုပ်ရှင်နဲ့ တီဗီစီးရီးတွေ ကြည့်နိုင်ပါတယ်။

Palm Springs

Palm Springs ရုပ်ရှင်ကတော့ ထွက်တာ မကြာသေးပါဘူး။ အချိန် loop လုပ်ထားတဲ့ ပုံစံအပေါ် အခြေပြုထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

Groundhog Day

ဘေးမာရေးနဲ့ ဟာရိုးရာမစ်တို့ရဲ့ ကလပ်စစ်ရုပ်ရှင်ကတော့ အချိန် loop လုပ်တဲ့ အမျိုးအစားကို မွေးဖွားပေးလိုက်ပါတယ်။ Groundhog Day ဇာတ်ကောင်တွေက အလွန်ဆွဲဆောင်မှုရှိပါတယ်။ ဘေးလ်မာရေးရဲ့ စိတ်ဓာတ်ကျတဲ့ သရုပ်ဆောင်မှုကလည်း အားနည်းချက်မရှိသလို သနားဖို့လည်း ကောင်းပါတယ်။

Russian Doll

အခုမီနီစီးရီးကလည်း အချိန် loop လုပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ Russian Doll မှာ နာတာရှာလိုင်အိုနီ သရုပ်ဆောင်ပုံက ရယ်ရွှင်ဖွယ်ကောင်းသလို စိတ်ခံစားမှုလည်း နက်ရှိုင်းပါတယ်။

Timescrimes

စပိန်က ထွက်လာတဲ့ Timecrimes ကတော့ ဘတ်ဂျက်နည်းနည်းလေးနဲ့ပဲ ရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကောင်တစ်ယောက်က အချိန်တိုတစ်ခုထဲ ထပ်ပြန်တလဲလဲနေထိုင်နေရတဲ့ အကြောင်း ရိုက်ကူးထားပါတယ်။

Source Code

နာမည်ကြီး သရုပ်ဆောင် ဂျိတ်ဂျီလန်ဟောနဲ့ ဗီရာဖာမီဂါတို့ ပါဝင်ပြီး ဒါရိုက်တာ ဒန်ကန်ဂျုန်းက ရိုက်ကူးထားပါတယ်။ လူတစ်ယောက်က အကြမ်းဖက်တိုက်ခိုက်မှုကို ရပ်တန့်ဖို့ ရထားဗုံးခွဲမှု မတိုင်ခင် ၈ မိနစ် ကာလတိုအတွင်း ထပ်ပြန်တလဲလဲ နေထိုင်နေရပါတယ်။

Edge of Tomorrow

တွမ်ခရုစ်ပါဝင်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ အနာဂတ်က စစ်သားတစ်ယောက်က ဂြိုဟ်သားတွေ ကမ္ဘာမြေကို ကျူးကျော်စဉ်အတွင်း အချိန် loop ထဲဝင်ရောက်သွားပါတယ်။ ဒီစစ်ပွဲကိုပဲ ထပ်ပြန်တလဲလဲ တိုက်ခိုက်နေရပါတယ်။

Happy Death Day

Happy Death Day နဲ့ Happy Death Day 2U ကတော့ ပျော်စရာကောင်းတဲ့ horror ဇာတ်ကားဖြစ်ပါတယ်။ ကောလိပ်ကျောင်းသူတစ်ဦးက မွေးနေ့မှာ သူမကို သတ်သွားတဲ့လူကို ပြန်လည် စုံစမ်းထောက်လှမ်းတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အချိန် loop လုပ်တာကို အခြေခံထားပါတယ်။

Time Bandits

Time Bandits ဇာတ်ကားကတော့ ၁၁ နှစ်ကောင်လေးက ကိုရိုးကားရား လူပုလေးတစ်အုပ်နဲ့ ထောင်စုနှစ်ကို ဖြတ်သန်းပြီး အချိန်ဖြတ်ကျော် ခရီးသွားခဲ့ပါတယ်။ သူတို့တွေက အချိန်ခရီးသွားတဲ့ကာလအတွင်း နပိုလီယံ၊ အဂါမီနွန်နဲ့ တိုက်တန်းနစ်ပေါ်က ခရီးသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Star Trek IV

မူလ Star Trek ရုပ်ရှင်တွေရဲ့ ၄ ကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ Star Trek ဇာတ်ကားတွေထဲမှာ ပျော်စရာအကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး လီယိုနတ်နီမွိုင်က ရိုက်ကူးထားပါတယ်။
X-Men: Days of Future Past

အခု X-Men ဇာတ်ကားမှာ ဝူဗာရင်းက လူ့သမိုင်းကို ပြောင်းလဲဖို့ Sentinel နည်းပညာကို ရပ်ဖို့နိုင်ဖို့ အနာဂတ်ကနေ ပြန်လာခဲ့ပါတယ်။

11.22.63

လူသိနည်းတဲ့ စတီဖန်ကင်းစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျိမ်းဖရန်ကို ပါဝင်ထားပါတယ်။ အင်္ဂလိပ်စာဆရာဖြစ်သူက အချိန်ခရီးသွားပြီး JFK ကိုလုပ်ကြံမယ့် ကိစ္စကို တားဆီးဖို့ ကြိုးစားလာပါတယ်။ အခုမီနီစီးရီးမှာ အပိုင်း ၈ပိုင်း ပါဝင်တာကြောင့် ကြည့်ရတာလည်း ဝန်မပိပါဘူး။

Watchmen

HBO ရဲ့ ၂၀၁၉ ခုနှစ်ထွက် Watchmen ရုပ်ပြကို တိုးချဲ့လိုက်တဲ့ စီးရီးကတော့ အသက်ဝင်လှုပ်ရှားသလို တီထွင်မှုလည်း ရှိပါတယ်။ Watchmen စီးရီးဖန်တီးတဲ့ ဒါမွန်လင်ဒယ်လော့က သိပ္ပံစိတ်ကူးယဉ်ကားများစွာမှာ ပါဝင်ထားပါတယ်။ သူက Lost နဲ့ HBO ရဲ့ The Leftovers တို့ကို ပူးပေါင်းဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် Pormetheus နဲ့ Star Trek: Into Darkness တို့ကို ဇာတ်ညွှန်းရေးသားပေးခဲ့တယ်။

Donnie Darko

ဂျိတ်ဂျီလန်ဟော သရုပ်ဆောင်ထားတဲ့ Donnie Darko ကတော့ ပျော်စရာကောင်းသလို၊ ကြောက်စရာလည်း ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။

Looper

Star Wars ဒါရိုက်တာ ရီယန်ဂျွန်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ လူသိနည်းတဲ့ ဇာတ်ကားဖြစ်ပြီး နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ ဂျိုးဆက်ဂေါ်ဒွန်လီဗစ်နဲ့ ဘရုစ်ဝယ်လစ်တို့ပါဝင်လာပါတယ်။ ဇာတ်ကားမှာ အချိန်ခရီးသွား အစိတ်အပိုင်းတွေလည်း ပါဝင်ပါတယ်။ ဖျော်ဖြေမှုပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

Dark

ဂျာမန်တီဗီစီးရီး Dark ကတော့ တတိယမြောက်နဲ့ နောက်ဆုံး season ကို Netflix မှာဖြန့်ချိထားပါတယ်။ ပရိသတ်အတွက် ဖျော်ဖြေမှုပေးနိုင်သလို ခေါင်းအစားဆုံး စီးရီးတွေထဲက တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

-စိုးထက်
Ref: CNET

အင်တာနက်ဂျာနယ်ကနေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာကနေ တစ်ဆင့် Subscription လုပ်ထားလိုက်ပါ